❝ ဘဝဆိုတာ အခက်ခဲဆုံးစာမေးပွဲတစ်ခုပါ ❞
လူအများစု ဘဝစာမေးပွဲကို
ကျရတဲ့အကြောင်းအရင်းက
တစ်ဦးချင်းစီမှာ မတူညီတဲ့မေးခွန်းလွှာရှိတာကို
မသိဘဲ အခြားတစ်ဦးဆီကကူးယူဖို့ကြိုးစားလို့ပါပဲ။
ငယ်ငယ်တုန်းက စာမေးပွဲတွေဖြေတဲ့အခါ
ကိုယ်စာမရတဲ့အလှည့်ဆိုရင် ဘေးကလူဆီက
အရမ်းကြည့်ချင်မိတယ်။
တစ်ခါတစ်လေ ချွေးပြန်နေတဲ့အချိန်
သူငယ်ချင်းကလည်း မပြရင်
ထတောင် လုပစ်လိုက်ချင်တယ်။
အဲဒီအချိန်တုန်းက အဲဒီစာမေးပွဲလေးတွေကို
အခက်ဆုံးလို့ ထင်ခဲ့တာပေါ့။
တကယ်အသက်ကြီးလာတဲ့အချိန်ကျမှ
ဘဝဆိုတဲ့စာမေးပွဲကြီးကသာ အခက်ခဲဆုံးဆိုတာ
သဘောပေါက်လာရတယ်။
ပြီးတော့ ငယ်ငယ်တုန်းကလို
သူများဆီက လှမ်းကြည့်လို့မရမှန်းသိလာတယ်။
ကျွန်တော်တို့ရထားတဲ့ မေးခွန်းလွှာတွေမတူကြဘူး။
ကျွန်တော်တို့မေးခွန်းစာရွက်ပေါ်က
ခက်ခဲမှုတွေကလည်း
တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး။
အချို့လူတွေရဲ့ ဘဝကခက်ခဲကြမ်းတမ်းပြီး
အချို့လူတွေက လွယ်ကူကြတယ်။
အရင်တုန်းကဆို ဟိုလူ့ကိုဖြစ်ချင် ဒီလူလို့ဖြစ်ချင်နဲ့
အရမ်းစိတ်ပင်ပန်းဖူးတယ်။
အခုနောက်ပိုင်းတော့ မိမိရဲ့မေးခွန်းလွှာက
ခြားနားနေမှန်းသဘောပေါက်လာတဲ့အတွက်
မိမိမေးခွန်းလွှာကို မိမိဘာသာအာရုံစိုက်ပြီး
အဖြေရှာရတာကို ပိုစိတ်ဝင်စားလာတယ်။
သူများတွေလုပ်တိုင်း လိုက်မလုပ်ဖြစ်တော့ဘူး။
သူများတွေရဲ့အဖြေတွေလည်း
သိပ်စိတ်မဝင်စားဖြစ်တော့ဘူး။
ကိုယ့်ဘာသာပဲ တိတ်တိတ်လေး
ကြိုးစားရင်းနေပျော်လာတယ်။
ခက်တဲ့မေးခွန်းတွေကိုလည်း
စိတ်လှုပ်ရှားဖွယ်ရာတစ်ခုအနေနဲ့
ရင်ဆိုင်တတ်လာတယ်။
ကောင်းမွန်တဲ့နေ့ရက်တွေက
ပျော်ရွှင်မှုတွေလက်ဆောင်ပေးတယ်။
ဆိုးရွားတဲ့နေ့ရက်တွေက
အတွေ့အကြုံတွေကိုလက်ဆောင်ပေးတယ်။
အဆိုးရွားဆုံးနေ့ရက်တွေကြောင့်
သင်ခန်းစာတွေရခဲ့တယ်။
အကောင်းဆုံးနေ့ရက်တွေကြောင့်
အပျော်ရွှင်ဆုံးအမှတ်တရလေးတွေ ရရှိခဲ့တယ်။
ကိုယ့်မေးခွန်းလွှာလေးနဲ့ ကိုယ်ပျော်တတ်လာခဲ့ပါပြီ။
#credit_မိုးရှင်း(I.M.T)
#dare_to_dream
#words_for_you
#just_sharing
