6 w - Translate

ရင့်ကျက်လာတာနဲ့အမျှ
မကောင်းပြောတတ်တဲ့လူတွေရဲ့စကားတွေကို လျစ်လျူရှုတတ်လာတယ် ။

ရင်ကျင့်လာတာနဲ့အမျှ
စကားပြောရင် ထိန်းထိန်းသိမ်းသိမ်း ပြောတတ်လာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
အလုပ်တစ်ခုခုဆို အဓိကနဲ့သာမညကို ခွဲခြားတတ်လာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
ကလေးဆန်တဲ့ အတွေးအခေါ် ယူဆချက်တွေကို ရှက်တတ်လာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
ပြဿနာ ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်တတ်လာတယ် ။

ရင့်ကျက်လာတဲ့အမျှ
လောကဓံက ပေးတဲ့ အခက်ခဲတွေကို အတွေ့အကြုံပေါ်လိုက်ပြီး မတုန်လှုပ်တော့ဘူး ။

ရင့်ကျက်လာတာနဲ့အမျှ
အလိုမကျတဲ့ အရာတွေအပေါ် သည်းခံတတ်လာပြီး
တော်ရုံလောက်နဲ့ ဝမ်းမနည်းတတ်တော့ဘူး ။

ရင့်ကျက်လာတာနဲ့အမျှ
နှလုံးသားနဲ့ စဉ်းစားတာထက် ဦးနှောက်နဲ့ ပိုစဉ်းစားတတ်လာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
ထားတတ်ရမယ့်စိတ် ၊ နေတတ်ရမယ့် အပြုအမူတွေပါ
ရင့်ကျက်စွာ ပြောင်းလဲလာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
စိတ်ညစ်စရာတွေ့ရင်တောင် တုန်လှုပ်တာမျိုး သိပ်မဖြစ်တတ်တော့ဘူး ။

ရင့်ကျက်လာတာတဲ့နဲ့အမျှ
ကိုယ့်ကိုယ်ကိုယ်သာ ပိုတန်ဖိုးထားတက် ဂရုစိုက်တတ်ပြီး ချစ်တတ်လာတယ် ။

ရင့်ကျက်မှုဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး ။
သင့်ရဲ့လောကဓံ ၊ ဘဝသင်ခန်းစာတွေကပေးတဲ့ အတွေ့အကြုံတွေ ၊
ဒဏ်ရာတွေ ၊ အခက်ခဲတွေကြောင့်သာ ရင့်ကျက်လာခဲ့တာပါ ။
တချို့လူတွေ အသက်ငယ်ပေမယ့် ရင့်ကျက်စွာ တွေးခေါ်နိုင်ပြီး
ဆုံးဖြတ်နိုင်စွမ်း ရှိကြပါတယ် ။ တချို့ကြ အသက်ကြီးနေပေမယ့်လည်း
ရင့်ကျက်စွာ မတွေးခေါ်နိုင် ၊ မဆုံးဖြတ်နိုင်သေးတဲ့လူတွေလည်း ရှိပါသေးတယ် ။
ဒါကြောင့် ရင့်ကျက်မှုက အသက်အရွယ်နဲ့မဆိုင်ပါဘူး ။

#ဘယ်တော့မှအရှုံးမပေးပါနဲ့ #nevergiveup #tiffa #တီဖာ

image