❛ ရာသီဥတုနဲ့အချစ်ဟာ
ယုံကြည်လို့မရတဲ့အရာပဲ ... ❜ ဆိုတဲ့
Lyric ကို သီချင်းထဲမှာ ပေါက်ကွဲထည့်သွင်း
သီဆိုခဲ့သူ " ကိုင်ဇာတင်မုံ " မသေဆုံးခင်
ရေးဖွဲ့ခဲ့သော " ကြိုးလှေကား " အမည်ရ
လုံးချင်းဝတ္ထုတစ်ပုဒ်ပါ ။
ရေးခဲ့/ဆိုခဲ့တဲ့ သီချင်းတွေမှာ
လူ့ဘောင်အများကြိုက်ကနေ
တမျိုးတဘာသာ ကွဲထွက်နေသူက
စာအုပ်ရေးတော့လည်း ရှူထောင့်အသစ်တွေ၊
ဇာတ်လမ်းအကြောင်းအရာအသစ်တွေနဲ့
တမျိုးတဘာသာထပ်မံကွဲထွက်နေတော့တာပါပဲ
ဝိဉာဥ်ဂေဟာရဲ့ အလယ်တည့်တည့်မှာရှိတဲ့
ရေကန်ကြီးတစ်ခုကနေ ကောင်းကင်ကို
ထိုးဖောက်နေတဲ့ ကြိုးလှေကားကြီး " တစ်ခု
အကြောင်းနဲ့ ပတ်သတ်ဆက်နွယ် ဖြစ်တည်
ရေးဖွဲ့ထားပြီး/ စာဖတ်သူကို ဖတ်ရင်းနဲ့
ဦးနှောက်စားနိိုင်/ တွေးစရာတွေပေးနိုင်မဲ့
စာအုပ်တစ်အုပ်ပါပဲ ။ ။
