WiFi ထက် အဆ ၁၀၀ လောက် speed ပိုမြန်တဲ့ Lifi
commercial ထွက်မလာသေးတဲ့ ဆက်သွယ်ရေးနည်းပညာတစ်ခုကို အခုနှစ် MWC ပွဲမှာ ပြသသွားပါတယ်။
Li-Fi လို့ ခေါ်တဲ့ ဒီနည်းပညာက WiFi နဲ့ အသံထွက်ချင်းဆင်ပေမယ့် နည်းပညာချင်း မတူပါဘူး။ WiFi နည်းပညာက ရေဒီယိုလှိုင်းတွေသုံးပြီး အင်တာနက်ချိတ်ဆက်ပေးတာပါ။ Li-Fi မှာတော့ Light signals တွေ သုံးပြီး ဒေတာတွေ ထုတ်လွှင့်ပါတယ္။
မြန်နှုန်းချင်း ယှဉ်ရင် Li-Fi က WiF ထက် မြန််ပြီး secure ဖြစ်သလို လိုင်းကြန့်ကြာမှု latency လည်း ပိုနည်းပါတယ်။ Li-Fi ရဲ့ download speed က တစ်စက္ကန့်ကို 5000Mbps အထိ ထုတ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ အခန်းတွင်းပဲ ကန့်သတ်ထားတဲ့ အလင်းအချက်ပြလှိုင်းတွေကို သုံးတာဖြစ်လို့ လုံခြုံရေးလည်း ပိုမြင့်ပါတယ်။
