"စပ်စပ်မွှေးတဲ့ မဆလာ ဇီးသီးယို"
ဆေးထားသော ဇီးသီးခြောက်ကို ပျော့ပြီးပွလာအောင် ရေနွေးထဲတွင် ၁ နာရီခန့် စိမ်ထားပါ။ ရေစစ်ပြီးနောက် အရသာ ဝင်လွယ်စေရန် ကွဲကြောင်းလေးများဖြစ်အောင် ဓါးဖြင့် အနည်းငယ် မွှန်းထားပါ။
***... မဆလာ ဇီးသီးယို ထိုးဖို့ လိုအပ်တာလေးတွေ…
1. ဇီးသီးခြောက် (သို့) Chinese date – 454 g
2. ထန်းလျက် – 360 g
3. ရေ – 2/3 cup (160 ml)
4. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
5. ဇီယာစေ့(cumin seeds) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
6. မဆလာ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
7. ငရုတ်သီး အလှော်မှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
8. မန်ကျည်းသီးအနှစ် – ထမင်းစားဇွန်း ၁၀ ဇွန်း (ကျွန်မ အသုံးပြုတဲ့ ဇီးသီးက လုံးဝ မချဉ်သည့်အပြင်၊ မန်ကျည်းသီးအနှစ်ကလည်း သိပ်မချဉ်တဲ့အတွက် ၁၀ ဇွန်းထည့်ရတာဖြစ်ပါတယ်။)
ရေ ထဲ ထောင်းထုထားသော ထန်းလျက်များ ထည့်ကာ medium heat ဖြင့် ပျော်သွားအောင် ကျိုပေးပါ။
ထန်းညက်ပျော်လျှင် ကျန်သည့် ပါဝင်ပစ္စည်းအားလုံထည့်ကာ မွှေရောပါ။
၁၀ မိနစ်ခန့် (သို့) အောက်ပါပုံ အနေအထား စေးစေးပျစ်ပျစ်ဖြစ်လာအောင် medium heat ဖြင့် မွှေကျိုပြီးလျှင် မီးဖိုမီးပိတ်ကာ အိုးကို မီးဖိုပေါ်မှာပဲ ဆက်ထားပြီး အအေးခံထားပါ။
အေးသွားပြီးနောက် ချဉ်စပ်အရသာနှင့် မဆလာနံ့လေးမွှေးနေသော ဇီးသီးယိုလေး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
