1029. Ocean's Twelve (2004)👈
George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts ၊ Catherine Zeta‑Jones တိုလိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ။ ဒါပေမယ့်လည်း ဒီလို အလှည့်အပတ်ဇာတ်လမ်းလေးတွေကိုမှ ကြိုက်သူတွေအတွက်ကတော့ Mr.Bean ရဲ့ ဝက်ဝံရုပ်ပါပဲဗျာ….LA က ကာစီနိုတွေကို တစ်ညတည်းနဲ့ ဖြောင်ခဲ့အပြီးမှာတော့ Danny Ocean (George Clooney) နဲ့ သူ့အဖွဲဟာ ပြဿနာအကြီးစားကြီးကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရပါပြီ။အဲဒါကတော့ LA သမိုင်းမှာ အကြီးစားလုယက်မှုအဖြစ် တမ်းဝင်သွားခဲ့ပေမယ့်လည်း သူတိုအဖွဲသားတွေဟာ ခိုးလာတဲ့ ပိုက်ဆံတော်တော်များများကို သုံးဖြုန်းပစ်လိုက်မိပါပြီ။
\ကာစီနိုသူဌေး Terry Benedict (Andy Garcia) က သူ့ငွေတွေ ဆုံးရှုးသွားတဲ့အတွက် ဒေါသူပုန်ထလို မပြီးနိုင် သေးပါဘူးခင်ဗျ။ဒီတော့ကာ Ocean အဖွဲကို သူ့ပိုက်ဆံတွေအပြင် နောက်ထပ် million နည်းနည်းလောက် ထပ်ဆောင်းပေးဖို တောင်းဆိုလိုလာပြန်ပါတယ်။ ပြောရရင်တော့ ပေးမလား Jail မလားပေါ့ဗျာ။ဒီမှာတင် အကုန် အကြပ်ရိုက်ကုန်ကြပြီ။ ခြူးကလည်း တစ်ပြားမှ ပြန်မထုတ်နိုင်ဆိုတော့ တစ်ဖွဲလုံး နောက်ထပ်ဂွင်ဖန်ရင်ကောဆိုတဲ့ စိတ်တွေရောက်သွားကြပါတယ်။ဒီတစ်ခါကတော့…. ဟဲ ဟဲ ဟဲ ဥရောပတစ်ခွင် ဗြန်းဗြန်းဆင်ပေါ့ဗျာ…
