360 Silky Shine Hair Fall Control Conditioner🥑
Conditioner တခုကတော့ ဦးရေပြားကနေ ဆံပင်ကျွတ်တာအတွက် အကျိုးကျေးဇူးမပေးနိုင်ပါဘူး ဒါအပွင့်လင်းဆုံးပြောတာပါ။ ဒါပေမဲ့ ဆံသားပျက်စီးအားနည်းပြီး ကျိုးကြေတာမျိုး ပျက်ကျတာမျိုးဆိုရင်တော့ Conditioner တခုရဲ့ role က အရေးပါလာပါပြီ။
အများစုက hair conditioner ဆိုရင် ပျော့ဆေး ပေါင်းဆေးလို့ပဲ သိကြတာများတယ်။ သူတို့မသိတာက Conditioner တခုကိုသာ သေချာသုံးပေးရင် Hair loss အတွက်လဲ အများကြီးအထောက်အကူဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလို ဆံပင်ကျွတ်တာရဲ့အများစုက root ကနေမဟုတ်ဘဲ အလွယ်ပိုင်းကနေ ပျက်ကျတာများတယ်ပေါ့နော်။ အဲ့အတွက်ဆိုရင် hair damage ကို အရင်ကုသရပါတယ်။ ဆံပင်တချောင်းချင်းစီက သန်စွမ်းကျန်းမာလာပြီဆိုမှ hair loss ကို control ရပါမယ်နော်။
Hair Conditioner ထဲမှာဆို ဒီ 360 conditioner လေးကို Nyi ညွှန်းပေးချင်တယ်။ သူ့ကို Nyi သဘောကျတဲ့အချက်က ရှေ့မှာရှင်းပြပြီးသားဖြစ်တဲ့ ingredients အဆန်းလေးတွေ ထည့်သွင်းထားတာရယ် budget friendly ဖြစ်တာရယ်ပါ။ ဗူးဆိုဒ်က အကြီးကြီးမလို့ တဗူးဆို အကြာကြီးအသုံးခံပါလိမ့်မယ်။ ထောလပတ်ရွက် ဆီးဖြူသီး Argan oil တို့ အဓိပါဝင်လို့ damage repair အတွက် တကယ်ကိုအားကိုးလို့ရတယ်။
သူ့ texture က စေးကပ်တဲ့ထဲမပါဘူး။ Shampoo လို အနံ့သင်းသင်းလေးနဲ့ လန်းဆန်းစေတာမျိုး။ လိမ်းရတာလွယ်သလို ရေဆေးချရတာလဲ အသာလေးပဲ။ သုံးတဲ့အခါ ဦးရေပြားကိုတော့ လုံးဝမထိရပါဘူး။ Nyi က ယောကျ်ားလေးဆံပင်ဆိုတော့ အဲ့အပိုင်းကိုတော့ တော်တော်လေးဂရုစိုက်ရတယ်။ ဗောက်လဲအရမ်းထတတ်တော့လေ ဘယ်လိုဦးရေပြားပိုင်ရှင်ဖြစ်ပါစေ conditioner သုံးရင်တော့ scalp ကို လုံးဝမထိပါစေနဲ့ဗျ။
သုံးပြီးသွားရင် ဆံသားအိစင်းသွားတာကိုတော့ အထူးတလည်ကြီး Nyi မပြောတော့ဘူး။ ဘာလို့လဲဆိုရင် အများစုမှာလဲ တွေ့နေရတဲ့အချက်ဖြစ်လို့ပါ။ ထူးခြားတဲ့အချက်ကတော့ အဲ့ဒီ silky & shiny hair look က ခေါင်းလျှော်ပြီး နောက်ရက်ထိကို ကိုယ်နဲ့စွဲမြဲနေတာပါပဲ။ လျှော်ပြီးခဏပဲ ခံတာမျိုးမဟုတ်တာကို Nyi တော့ တော်တော်ကြိုက်မိတယ်။
2ပတ်လောက် ပုံမှန်လေးသုံးတဲ့တလျှောက်မှာ ဆံပင်က တော်တော်လေးကျန်းမာလာတယ်လို့ ခံစားရတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်ပြတ်ထွက်တာမျိုး နည်းလာတယ်၊ ဆံပင်အရှည်မြန်လာတယ်၊ နက်မှောင်သန်စွမ်းလာတယ်လို့ မြင်ပါတယ်။
အကယ်၍ ကိုယ်က ဆံပင်ကို အမျိုးစုံကလိထားလို့ ပျက်စီးနေတယ်၊ ကျိုးကြေနေတယ်၊ ပြတ်ထွက်နေတယ်၊ အဖျား 2ခွဲကွဲတယ်၊ မွဲခြောက်ကြမ်းတမ်းနေတယ်ဆိုရင် ဒီ 360 conditioner ကို ခေါင်းလျှော်တဲ့အချိန်တိုင်း ထည့်သုံးကြည့်ပါ။ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။
#crd
#reviewbynyi
