"စိတ်ရှုပ်လူရှုပ်"
📖📖📖📖📖

လောကရဲ့ အရှုပ်မှန်သမျှ စိတ်ကစတာချည်းပဲ။

လူမှုရေးအရှုပ် စီးပွားရေးအရှုပ် အရှုပ်မှန်သမျှ စိတ်ကြောင့် ဖြစ်ရတာ။

စိတ်ဟာ ဘယ်ပုံရှုပ်ထွေးခဲ့ပါသလဲ။ စိတ်ဟာ သူချည်း နေရင်တော့ ရှင်းရှင်းကလေးရယ်။

စိတ်ရဲ့ မူလသတ္တိက ဖြူစင်တယ်။ တောက်ပတယ်။

ဒါပေမယ့် ရာဂနဲ့ စိတ် ချိတ်မိတဲ့အခါ စိတ်ရှုပ်ထွေး လာတယ်။

ဒေါသနဲ့ စိတ် ချိတ်မိတဲ့အခါ စိတ်ရှုပ်ထွေးလာတယ်။

တဏှာ မာန ဒိဋ္ဌိတွေနဲ့ချိတ်မိတဲ့အခါ စိတ်ရှုပ်ထွေးလာတယ်။

ကိလေ သာနဲ့ စိတ် ချိတ်မိတဲ့အခါ စိတ်ရှုပ်ထွေးမှုဖြစ်ပေါ်လာတယ်။

လက်ကိုင်ပုဝါအဖြူကလေးဟာ ချွေးသုတ်ပါများတော့ ဖြူရာက ညစ်၊ ညစ်ရာကမည်း၊ မည်းရာကမွဲ၊ မွဲရာက တဖြေးဖြေးနွမ်းကြေ လာသလိုပဲ စိတ်ဟာလည်း ကိလေသာကြောင့် ညစ်မွဲရှုပ်ထွေးလာ တယ်။

စိတ်မှာဖြစ်တဲ့အရှုပ် နှုတ်မှာလည်းပေါ်လာတယ်။

ကိုယ်မှာ လည်းပေါ်လာတယ်။

ဒီမှာ လူမှုရေးအရှုပ် စီးပွားရေးအရှုပ် စတဲ့ အရှုပ်တွေ ပေါ်လာတော့တာပဲ။

ဒီတော့ မရှုပ်ခင်ကရှင်းကြပါ၊ ဓမ္မ ရေးရာ ဉာဏ်အကွာဖြင့် လွှာ၍လွှာ၍ ကြိုတင်ကာကွယ် ရှင်းလင်းနိုင် ကြပါစေ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

[၁၉၉၆ ခုနှစ်၊ သုဝဏ္ဏသျှမ်တောင် ဩဝါဒ]

image