7 ပတ် - ဘာသာပြန်ပါ။

ရွှေဖရုံသီးပေါင်း
Stewed Pumpkin in Coconut Cream

ပါဝင်ပစ္စည်း
********
ရွှေဖရုံသီး - တစ်ကီလို
ဆွမ်းမွေးရွက် - ၂ရွက်
အုန္းနို့ - ၂၅၀ml
ရေ - ၅၀၀ml
သကြား - ၁၇၅ ဂရမ်
ဆား - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
သကြား*******
(၁)ရွှေဖရုံသီးကိုအခွံသင်ပြီးရေဆေးသန့်စင်ကာအတုံးကြီးကြီးတုံးထားပါ။ဆွမ်းမွေးရွက်ကိုထုံးထည့်ပာ။။အလှဆင်ရန်ဖရုံစေ့ကိုဖယ်ထုတ်ပြီးရေဆေးကာOvenတွင်အခြောက်ခံပြီးကင်ထားပါ။လှော်ပြီးသားလည်းသုံးနိုင်ပါ တယ်။
(၂)အိုးတခုဖြင့်ရေဆားနှင့်သကြားထည့်ပြီးကျိုပါ။
(၃)ဆူပွက်လာပါကအုန်းနို့နှင့်ရွှေဖရုံသီးထည့်ပြီးမီးအေးအေးဖြင့်ဆယ်မိနစ်ခန့်ဖရုံသီးနူးလာအောင်တည်ပေးပါ။ဝေမကျစေရန်ဂရုပြုပါ။
(၄)ရွှေဖရုံသီးနူးပါကပန်းကန်တွင်ထည့်ပြီးအုန်းနို့ဆမ်းကာဖရုံစေ့လှော်ဖြူးပြီးနှစ်သက်သလိုအလှဆင်၍တည်ခင်းသုံးဆောင်နိုင်ပါပြီ။

image