7 w - Translate

စိတ်ချမ်းသာချင်လျှင် --
သူများကိစ္စ ဝင်မပါနှင့်

လူတိုင်း ကိုယ့်ကိစ္စထက် သူများကိစ္စကို စိတ်ဝင်စားကြသည်။ သို့သော် လူတိုင်းက ကိုယ့်အတွေး ကိုယ့်အမြင် တွေကိုသာ မှန်သည်ဟု ထင်တတ်ကြသည်။ ထိုသို့မှန်ကြောင်းကိုလည်း သက်သေပြနိုင်ရန် ကြိုးစားကြသည်။ လူတိုင်း ကိုယ့်အမြင်ကိုယ့်အတွေး ကိုယ့်ဘဝကိုသာ ခိုင်မာအောင်တည်ဆောက်တတ်ကြသဖြင့် ကိုယ့်အမြင် ကိုယ့်အတွေးနှင့်သာ နေထိုင်နိုင်ရန် ကြိုးစားသင့်သည်။

မေ့သင့်တာမေ့ထားလိုက်

မေ့ရမည့် ကိစ္စများကို မမေ့နိုင်လောက်အောင် စိတ်ထဲတွင် စွဲထားလျှင် ကိုယ့်ကိုခြောက်လှန့်နေတတ်သည်။ အိပ်မပျော်ခြင်း၊ ဒေါသထွက်ကာ သွေးတိုးခြင်းတို့ဖြစ်လာပြီး ကိုယ့်တည်ငြိမ်မှုကို ပျက်စီးစေတတ်သည်။ ထို့ကြောင့် မေ့သင့်သည်ကို မေ့နိုင်အောင်ကြိုးစားသင့်သည်။

အသိအမှတ်ပြုတာ မခံချင်ပါနှင့်

လောကကြီးက အတ္တသမားတွေနှင့်ပြည့်နေသည်။ ကိုယ်က သူများကို ချီးကျူးစကား ပြောကြာရန်ထက် ကိုယ့်ကို ချီးကျူးသည့် ပြောစကားကိုသာ ကြားချင်နေတတ်သည်။ သူများကို ချီးကျူးလိုက်လျှင် ကိုယ့်ထံတွင် ရှိနေသော အတ္တမာနတွေ လျှော့သွားမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် သူများကို မချီးကျူးချင်လျှင် ကိုယ်တိုင်ကလည်း ချီးကျူးခံရမှုကို မမျှော်လင့်ပါနှင့်။

မနာလိုစိတ်မမွေးနှင့်

မနာလိုစိတ်သည် စိတ်၏ ငြိမ်းချမ်းခြင်းကို ဒုက္ခအပေးဆုံးသောအရာဖြစ်သည်။ သူများက ရာထူးတိုးပြီး ကိုယ်ကကျန်ခဲ့မည်။ သူများက အောင်မြင်ပြီး၊ ကိုယ်က ကျရှုံးနေမည်။ ထိုအချိန်တွင် မနာလိုစိတ်တွေက ဝင်လာတတ်သည်။ သူနှင့်ငါ ဘာတွေကွာနေလို့လဲဆိုသည်ကို မြင်အောင်ကြည့်တတ်ရန်လိုသည်။ သူအဘယ်ကြောင့် အောင်မြင်ရသနည်း။ ငါအဘယ်ကြောင့် မအောင်မြင်သေးသနည်း။ အကြောင်းတစ်ခုခု ရှိကို ရှိနေသည်။ ထို့ကြောင့် မနာလိုစိတ်ကိုမမွေးလျှင် စိတ်ငြိမ်းချမ်းသည်။

ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်နေ

ငါဆိုသည့်မာနကြောင့် ငါနှင့်ပတ်ဝန်းကျင်မှာ သဟဇာတမဖြစ်အောင် ကင်းကွာသွားရသည်ကများသည်။ သူလည်းလူ၊ ငါလည်းလူ၊ ဘာတွေများ မတူလို့လဲဆိုသည့် စိတ်အမြင်ဖြင့် ကြည့်နိုင်လျှင် ခြားနားမှုတွေ ပျောက် သွားနိုင်သည်။ လူတိုင်းတွင် သူ့ကောင်းကွက်နှင့်သူ ရှိကြသည်။ မတူ မတန်ဟူ၍မရှိ။ မတူမတန်ဟု ထင်နေလျှင် ထင်နေသူ၏စိတ်ကသာ မူမမှန်ခြင်းဖြစ်လိမ့်မည်။

လောဘမကြီးနှင့်

ဆိုရိုးစကားတစ်ခုတွင် ကိုယ်ကိုက်နိုင်တာထက် ပိုမကိုက်မိစေနှင့်ဟူ၍ ရှိပါသည်။ လိုတာထက် ပိုကိုက်မိလျှင် အဝါးရခက်တတ်သည်။

တရားထိုင်ပါ

စိတ်ကိုတည်ငြိမ်အေးချမ်းချင်လျှင် တရားထိုင်ခြင်းနည်းမှာ အကောင်းဆုံးဖြစ်သည်။ တိတ်ဆိတ်ငြိမ်းချမ်းသည့် တစ်နေရတွင် ကိုယ့်စိတ်ကို တည်ငြိမ်အေးချမ်းစေရန် ဆောင်တည်ရခြင်းလောက် ကောင်းသည့်အလုပ်မရှိ။ ရှိနေသည့် အနေအထားတစ်ခုတွင် ဖြစ်ပေါ်လာသည့် စိတ်ဆိုး စိတ်ယုတ်ကို တည်ငြိမ်အေးချမ်းစွာဖြင့် တုံ့ပြန် နိုင်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ဘယ်တော့မှ အချိန်မဆွဲနှင့်

လုပ်သင့် မလုပ်သင့် စဉ်းစားရင်း အချိန်မကုန်ပါစေနှင့်။ ဘာဖြစ်ဖြစ် ဆုံးဖြတ်ချက်ခိုင်ခိုင်နှင့် ယခုလုပ်ရမည့် ကိစ္စကို ထလုပ်လိုက်ပါ။ နောက်မှလုပ်မည်ဟု ဆုံးဖြတ်နေခြင်းထက်၊ ခုချက်ချင်းကောက်လုပ်လိုက်ပြီးမှသာ နားလိုက်ပါ။

(Ref: Peace of Mind)

image