7 w - Translate

တာချီလိတ် သေနတ်ထောက် ဓားပြတိုက်မှု ထပ်မံဖြစ်ပွား
******************
(မှုခင်း) ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံအောက်ရွာ ယန်းခေါင်ရွာသွား လမ်းမကြီးပေါ်က ကျေးသီးအမည်ရှိတဲ့ ကုန်စုံဆိုင်တစ်ဆိုင်ကို မနေ့က ဖေဖော်ဝါရီ ၃ ရက်နေ့ ည အချိန် ၈ နာရီ ဝန်းကျင်မှာ လူ(၃)ဦးက ဆိုင်းအတွင်းဝင်ရောက်ကာ ဆိုင်ရှင်လင်မယားအား ရိုက်နှက်ပြီး ကြိုးနဲ့ချည်နှောင်ကာ ဆိုင်တွင်းက ဘတ်ငွေ (၇)ထောင်နဲ့ အိမ်မှာရှိတဲ့ ကားတစ်စီးကို လုယူမောင်းနှင်ကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ဓားပြတိုက်ခံရတဲ့ ကျေးသီး ကုန်စုံဆိုင်မှာ ဆိုင်ရှင်လင်မယားသာ နေထိုင်ကြတာဖြစ်ပြီး ၊ လုယက်သူတွေဟာ သူတို့နှစ်ဦးကိုကြိုးနဲ့ချည်ကာ အသင့်ပါလာတဲ့ သေနတ်နဲ့ပါ ခြိမ်းခြောက်ပြီး ဆိုင်မှာရှိတဲ့ငွေတွေနဲ့ ကားကိုပါ ယူဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။

ဆိုင်ထဲဝင်ရောက်လာသူ ၃ ဦးဟာ မျက်နှာဖုံးတွေမဖုံးကြတာကြောင့် မျက်နှာမြင်ရင်မှတ်မိတယ်လို့ ဆိုင်ရှင်တွေကပြောဆိုထားပြီး ဓားပြတွေဟာ အသားဖြူဖြူနဲ့ အရပ်ပုတယ်လို့လည်း ဆိုပါတယ်။

ဝမ်လုံးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက တရားခံတွေကို အမြန်ဆုံး ဖမ်းမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပြီး တာချီလိတ်မြို့မှာ ဓားပြတိုက်တာ ပြန်ပေးဆွဲတာတွေဟာ မကြာခဏဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

image