7 w - Translate

အဘွားမဆုံးခင်ကပြောဖူးတယ်
ဝဋ်ဆိုတာ အရိပ်လိုပဲ
ကိုယ့်နောက်က တကောက်ကောက်
လိုက်နေတာတဲ့ .
သူတစ်ပါးကို ထိခိုက်နာကျင်အောင်
လှည့်ဖြားခဲ့တာတွေ
ပြောဆိုခဲ့တာတွေ
သူများကို မျက်ရည်ကြီးပေါက်
ကျအောင် လုပ်တာတွေ
အဲဒါမျိုးကို ရှောင်ရမယ် တဲ့
တချို့ကိစ္စတွေမှာ ခံရတဲ့သူဘက်က
နားလည်စွာ ကျေအေးပေးလိုက်ပြီး ..
ပြုလုပ်သူကိုယ်တိုင်က
မေ့သွားခဲ့ပေမယ့်
ကံတရားကတော့ အဲဒီအကျိုးဆက်ကို
ပြန်ဆပ်ခိုင်းဖို့ ဘယ်တော့မှ မမေ့ဘူး တဲ့ ။
စိတ်ကို ဖြူအောင်ထား
ကိုယ့်ကြောင့် ဘယ်သူ့ဘဝကိုမှ
အနာတရ မဖြစ်စေနဲ့ တဲ့ .. ။
ဝဋ်က အဲ့လောက်အထိ
ကြောက်ဖို့ ကောင်းတာမို့
ကိုယ် ၊ စိတ် ၊ နှလုံး သုံးပါးလုံးကို
ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစားဆုံးဖြတ်ပြီး
လုပ်ရပ်တိုင်းကို သတိထားစေချင်တယ် ။

image