7 w - Translate

◼ တစ်တော့ကဲ့သို့ ဗီဒီယိုအတိုများတင်နိုင်မည့် App အသစ်တစ်ခု အင်စတာဂရမ်ထုတ်မည်
ကမ္ဘာတစ်ဝန်း အောင်မြင်မှုရရှိနေသည့် Tik Tok ကဲ့သို့ ဗီဒီယို အတိုများတင်နိုင်မည့် App အသစ်တစ်ခုကို ထုတ်လုပ်ရန် အင်စတာဂရမ်က စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ Tik Tok ၏ အနာဂတ်မှာ မရေမရာဖြစ်နေပြီး သမ္မတသစ် ဒေါ်နယ်ထရန့်တက်လာချိန် အမေရိကန်တွင် Tik Tok အသုံးပြုမှုကို ရပ်တန့်ရန် ကြိုးပမ်းခဲ့ပြီး လောလောဆယ်တွင် ယင်းကို ၇၅ ရက် ဆိုင်းငံ့ပြုလုပ်ထားသည်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် အင်စတာဂရမ် က Tik Tok ကဲ့သို့ ဗီဒီယိုအတိုများ တင်၍ရနိုင်မည့် သီးသန့်App တစ်ခုကို ဖန်တီးရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်။
အင်စတာဂရမ်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Adam Mosseriက Tik Tok ကဲ့သို့ App အသစ်တစ်ခု ထပ်ထုတ်ရန် မိမိ၏ဝန်ထမ်းများကို အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
သို့သော် အင်စတာဂရမ်၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ကမူ ယင်းကိစ္စနှင့်ပတ်သက်ပြီး အတည်ပြုပြောဆိုထားခြင်း မရှိသေးကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်ကမူ Tik Tok ကိုအမေရိကန်နှင့်တရုတ်တို့အကြား ဖက်စပ်လုပ်ငန်းအဖြစ်လည်ပတ်ရန် အဆိုပြုထားသည်ဟုဆိုသည်။
တရုတ်နိုင်ငံမှ Tik Tok ၏ မိခင်ကုမ္ပဏီဖြစ်သည့် Byte Dance နှင့် အမေရိကန်ပြည် ထောင်စုတို့အကြား ပိုင်ဆိုင်မှုကို ၅ဝ ရာခိုင်နှုန်းစီ ခွဲဝေရန် ကြိုးပမ်းမှုများ ရှိနေသော်လည်း လက်ရှိ အချိန်အထိတိကျသည့် အဖြေတစ်ခု ပေါ်ထွက် လာခြင်း မရှိသေးကြောင်း သိရသည်။
Source; Reuters

image