ကားမူးတက်သူတွေနဲ့ ခရီးသွားအတွေ့ကြုံအသစ်
လိုခြင်တဲ့သူတွေ အတွက် 🚉
Diesel Electric Multiple Unit -DEMU
ဒီဇယ်လျှပ်စစ်သုံးရထား
တကယ်ကို ကောင်းမွန် အဆင့်မြင့်တဲ့ ရထားတွဲတွေပါ ထိုင်ခုံ နေရာလည်း ကျယ်တယ် အဲကွန်းလည်း အေးတယ်။
အိမ်သာတွေလည်း သန့်ပြန့်နေတာဘဲ တစ်တွဲနဲ့ တစ်တွဲကို မှန်လုံတံခါးတွေနဲ့သေသေ ချာချာ စနစ်တကျလေး ကန့်ထားပါတယ်။
ရန်ကုန် - နေပြည်တော် လက်မှတ်ဈေးနှုန်းများက
အထက်တန်း - ၂၈၀၀၀
ပထမတန်း - ၁၉၀၀၀
ကီလို ၁၀၀ နှုန်းနဲ့ မောင်းပါတယ်။
ရထားစီး ကြာချိန်က ၅ နာရီခွဲ ပါ ။ ကားနဲ့ အချိန်တူဘဲ၊ ဒါပေမဲ့ ဘူတာကြီး တွေရှိတဲ့ မြို့လည် ထဲ တန်းရောက်တယ်။
လမ်းမှာ တောင်ငူ၊ ဖြူး၊ ပဲခူး ၊ပျဥ်းမနား
ဘူတာတွေမှာ ရပ်ပါတယ်။
လက်မှတ်ဝယ်ယူလို့လျင် -
မြန်မာ့မီးရထားရက်ကြိုလက်မှတ်ရုံ ဗိုလ်ချုပ်လမ်းဝဇီရာရုပ်ရှင်ရုံရှေ့မှာဝယ်လို့ရပါတယ် အထက်တန်းသုံးရက်ကြို ရိုးရိုးတန်းတစ်ရက်ကြိုဝယ်လို့ရပါတယ်
ရန်ကုန်ဘူတာကြီး
အင်းစိန်ဘူတာတို့မှာလဲဝယ်ယူလို့ရပါတယ်။
သတိပြုရန်
Online ကနေ ရထားလက်မှတ် ရောင်းချခြင်းမရှိပါ။
#သွားမယ်&တည်းမယ်
#myanmartravel
Group Post Min Thant
