ကားမူးတက်သူ​တွေနဲ့ ခရီးသွားအ​တွေ့ကြုံအသစ်
လိုခြင်တဲ့သူ​တွေ အတွက် 🚉

Diesel Electric Multiple Unit -DEMU
ဒီဇယ်လျှပ်စစ်သုံးရထား

တကယ်ကို ကောင်းမွန် အဆင့်မြင့်တဲ့ ရထားတွဲတွေပါ ထိုင်ခုံ နေရာလည်း ကျယ်တယ် အဲကွန်းလည်း အေးတယ်။
အိမ်သာတွေလည်း သန့်ပြန့်နေတာဘဲ တစ်တွဲနဲ့ တစ်တွဲကို မှန်လုံတံခါးတွေနဲ့သေသေ ချာချာ စနစ်တကျလေး ကန့်ထားပါတယ်။

ရန်ကုန် - နေပြည်တော် လက်မှတ်ဈေးနှုန်းများက
အထက်တန်း - ၂၈၀၀၀
ပထမတန်း - ၁၉၀၀၀

ကီလို ၁၀၀ နှုန်းနဲ့ မောင်းပါတယ်။
ရထားစီး ကြာချိန်က ၅ နာရီခွဲ ပါ ။ ကားနဲ့ အချိန်တူဘဲ၊ ဒါပေမဲ့ ဘူတာကြီး တွေရှိတဲ့ မြို့လည် ထဲ တန်းရောက်တယ်။

လမ်းမှာ တောင်ငူ၊ ဖြူး၊ ပဲခူး ၊ပျဥ်းမနား
ဘူတာတွေမှာ ရပ်ပါတယ်။

လက်မှတ်ဝယ်ယူလို့လျင် -
မြန်မာ့မီးရထားရက်ကြိုလက်မှတ်ရုံ ဗိုလ်ချုပ်လမ်းဝဇီရာရုပ်ရှင်ရုံရှေ့မှာဝယ်လို့ရပါတယ် အထက်တန်းသုံးရက်ကြို ရိုးရိုးတန်းတစ်ရက်ကြိုဝယ်လို့ရပါတယ်
ရန်ကုန်ဘူတာကြီး
အင်းစိန်ဘူတာတို့မှာလဲဝယ်ယူလို့ရပါတယ်။

သတိပြုရန်

Online က​နေ ရထားလက်မှတ် ​ရောင်းချခြင်းမရှိပါ။

#သွားမယ်&တည်းမယ်
#myanmartravel
Group Post Min Thant

image