Double Cleansing အတွက် Micellar water, Cleansing oil/balm ထဲက ဘယ်တခုကိုရွေးသင့်လဲ❓
ဝက်ခြံအဆီဖုကာကွယ်ဖို့အတွက်ဆိုရင် exfoliating ထက် double cleansing က ပိုအရေးကြီးတယ်နော်။ Skincare သေချာလုပ်ချင်သူတွေအတွက် Double cleansing က step တခုအနေနဲ့ မပါမဖြစ်ပါ။ တချို့က double cleansing ကို product တခုရယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းမဟုတ်ဘူးနော်။
Double cleansing ဆိုတာ အကြမ်းဖျင်းအားဖြင့် မျက်နှာ 2ထပ်သန့်စင်ခြင်းကိုခေါ်တဲ့ အခေါ်အဝေါ်တခုပါ။ Double cleansing လုပ်ဖို့ဆိုရင် Nyi တို့ ပထမအဆင့်သန့်စင်ရာမှာသုံးဖို့ oil based cleanser နဲ့ နောက်တဆင့်မှာသုံးဖို့ water based cleanser တို့ လိုအပ်တယ်။ Water based cleanser ဆိုတာ အားလုံးသိကြတဲ့ facial foam, gel cleanser စတာတွေကို ခေါ်တယ်ပေါ့နော်။ Oil based cleanser ကတော့ Nyi ဒီနေ့ပြောပြမယ့် micellar water, cleansing oil နဲ့ cleansing balm တို့ပါ။ တခြားအမျိုးအစားတွေလဲ ရှိသေးတယ်, ဒါပေမဲ့ ဒီ 3ခုကတော့ commonly used types တွေဖြစ်တဲ့အတွက် ဒါတွေကိုပဲ အဓိကပြောသွားမယ်နော်။
တခုချင်းစီရဲ့ ကောင်းကွက် ဆိုးကွက်၊ ကိုယ်က ဘာကြောင့်မလို့ ဒီတခုကိုရွေးသင့်လဲဆိုတာ Nyi နဲ့အတူ ကြည့်လိုက်ရအောင်ပါ။
Micellar Water🌷
Pros
- Beginner friendly ဖြစ်တယ်
- အပြင်ကို အလွယ်တကူဆောင်သွားလို့ရတယ်
- ဈေးသက်သာတယ်
- နီးစပ်ရာမှာ လွယ်လင့်တကူဝယ်လို့ရတယ်
Cons
- Cotton pad ကုန်တယ်
- ရေရှည်မှာ အသားခြောက်နိုင်တယ်
- Makeup ဖျက်တဲ့အခါ အချိန်ပိုယူတယ်
---------------
Cleansing Oil🌷
Pros
- အသားမခြောက်စေဘူး
- Cotton pad မကုန်ဘူး
- Makeup အလွယ်တကူဖျက်ပေးနိုင်တယ်
- ဆားဝက်ခြံ သက်သာစေတယ်
- Balm ထက်စာရင် massage လုပ်လို့ပိုကောင်းတယ်
Cons
- ဈေးပိုပေးရတတ်တယ်
- အိမ်အနီးအနားက ဆိုင်တွေမှာ ဝယ်လို့မရတတ်ဘူး
- အသုံးမတတ်ရင် အဆီဖုထနိုင်တယ်
- Travel friendly မဖြစ်ဘူး
---------------
Cleansing Balm🌷
Pros
- Compact ဖြစ်ပြီး အပြင်ဆောင်သွားလို့ရတယ်
- Cotton pad ဖိုးမကုန်ဘူး
- အသားမခြောက်စေဘူး
- ဆားဝက်ခြံသက်သာစေတယ်
- Makeup အလွယ်တကူဖျက်နိုင်တယ်
Cons
- အနီးအနားစတိုးဆိုင်တွေမှာ ဝယ်လို့မရတတ်ဘူး
- Oil လောက် massage လုပ်လို့မကောင်းဘူး
- ဈေးအသင့်အတင့်ပေးရတတ်တယ်
- မသုံးတတ်ရင် အဆီဖုထွက်နိုင်တယ်
---------------
ဆိုတော့ ကိုယ့်အတွက် ဒီထဲက ဘယ်တခုကိုရွေးသုံးသင့်လဲဆိုရင်...
✓ ကိုယ်က ခုမှ double cleansing စလုပ်မယ်, အသားလဲ ဆိုလောက်အောင်မခြောက်ဘူး, သနပ်ခါးလိမ်းတယ်, ဝက်ခြံအဆီဖုတွေလဲ အရမ်းဆိုးရွားနေလို့ safe ဖြစ်ဖြစ်နဲ့ သုံးနိုင်မှာလေးဆိုရင် Nyi အနေနဲ့ ဒီထဲက Micellar water ကိုရွေးဖို့ အကြံပေးချင်တယ်။
✓ ကိုယ်က double cleansing ကို ပုံမှန်လုပ်သွားမှာမလို့ ရေရှည်အတွက် အသားမခြောက်အောင် ကြိုကာကွယ်ချင်တယ်, makeup sunscreen အလွယ်တကူဖျက်နိုင်ပြီး ဆားဝက်ခြံသက်သာရမယ်ဆိုရင်တော့ Cleansing oil/balm ရွေးသင့်တယ်နော်။
---------------
ဒီလောက်ဆိုရင် ကိုယ်နဲ့သင့်တော်တဲ့ 1st step cleanser တခုကို ရွေးချယ်သုံးနိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်ရက်မှ trouble skin တွေအတွက် အသုံးဝင်မယ့် review လေးတပုဒ်နဲ့ ပြန်တွေ့မယ်နော်💗
#knowledgesharingbynyi
#reviewbynyi
#crd
