Thanos နဲ့ Doom ပြီးရင် MCU ကြီး ဘာဖြစ်သွားမလဲ နောက်ထက်ပေါ်လာမဲ့ Big Boss ကဘယ်သူမဖြစ်မလဲ ဒီ အကြောင်းနဲ့ပတ်သက်ပြီး သိသလောက်ပြန် Share ပေးပါမယ်။

အခု mcu ရဲ့ Second Main Villain က Doom ဖြစ်ပြီး သူ့ Secret War Story line မှာ Multiverse ကြီး War ဖြစ်ပြီး Universe တစ်ခုတည်းအဖြစ် Reboot လုပ်ပြီးပြန်မိတ်ဆက်မယ်လို့ပြောထားတယ်၊ အဲ့တော့ Marvel အနေနဲ့နောက်လာမဲ့ Villain ကိုလည်း Secret war မှာမိတ်ဆက်မယ်လို့ထင်တယ်။ Infinity Saga ထက် အခု Multiverse Saga ကပိုစိတ်ဝင်စားဖို့ကောင်းတယ် အဲ့လိုပဲ အခု Multiverse Saga ထက်နောက်လာမဲ့ Saga ကပ်ိုကြမ်းမှ Fan တွေကသဘောကျမှာဆိုတော့ ဘယ် Villain တွေက MCU ထဲရောက်လာနိုင်လဲ

ပထမဆုံးကတော့ Fantastic Four နဲ့အတူမိတ်ဆက်မဲ့ Galactus ပါ သူ့ကို F4 ပထမပွဲဦးထွက်နဲ့အနိုင်တိုက်နိုင်မှာမဟုတ်တော့ သူက Secret War မှာပြန်ပါနိုင်ပြီး နောက်လာမဲ့ Saga တစ်ခုမှာ Multiverse ရဲ့ အန္တရယ်အနေနဲ့ ပြန်ပေါ်လာနိုင်ပါတယ်။ လောလောဆယ် Eternals တွေနဲ့အတူ Celestials တွေကိုလည်းမိတ်ဆက်ထားတာဆိုတော့ Comic ထဲကလို Galactus Vs Celestials Battle ကိုမြင်ရနိုင်ပါတယ်၊ သူတို့တွေ Battle ဖြစ်ရင်း Cosmic Entity တွေဝင်ပါရင်း Cosmic Level Fight တွေမြင်ရနိုင်ပါတယ်။

နောက်တစ်ယောက်က Beyonder As Kang Varient ပါ။ ဒါကတော့ လက်တလောထွက်နေတဲ့ Rumors တွေအရ Secret War မှာ Beyonder အဖြစ် Kang Varient ကိုပြန်မိတ်ဆက်နိုင်တယ်လို့ပြောနေကြပါတယ်။ Majors ကိုလည်းပြန်ခေါ်ဖို့ဆွေးနွေးတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတော့ဖြစ်နိုင်ပါတယ်။ မဟုတ်လည်း Kang ကိုပြန်ခေါ်တာဖြစ်နိုင်ပါတယ်။ အရင်လို Kang ပီးမှ Doom မဟုတ်ပဲ Doom ပြီးမှ Kang ပေါ့

နောက်တစ်ခုက Xmen တွေရဲ့ War လာဦးမယ်လို့ထင်ပါတယ်။ Marvel ရဲ့နာမည်ကြီး Event တစ်ခုဖြစ်တဲ့ Apocalypse တို့ Magneto တို့ရဲ့ War ကိုမြင်ရနိုင်ပြီး House Of M Storyline လိုမျိုး Xmen vs Avengers တွေလည်းမြင်ရနိုင်ပါတယ်။ ပြောင်ကြီးကနောက်ပိုင်း Xmen တွေကို mcu မှာသေချာလေးချပြဦးမှာဆိုတော့ ဒီ Event ကလည်းမြင်ရနိုင်ခြေရှိပါတယ်။

နောက်တစ်ခုကတော့ Cosmic Level ကိုပြန်နိုင်ပါတယ်။လောလောဆယ် comic တစ်ချို့မှာ Living Tribunal တို့လို Being တွေပါ ဝင်ပါနေရတဲ့ comic တွေထွက်လာပြီး Eternity တို့လို Beings တွေပါ ခံနေရတဲ့ Event တွေရှိနေတော့ Celestials တွေကိုထုတ်ပြတာနဲ့အတူ Cosmic entity တွေရဲ့ ပြသာနာတွေကိုလည်းထုတ်ပြနိုင်ပါတယ်။

ဒါကလောလောဆယ် mcu မှာနောက်ထက်လာနိုင်တဲ့ event or big boss fight ကိုရှာတွေ့သလောက် sharing လုပ်ပေးတာပါ။ ဒီဟာတွေက လက်ရှိ mcu timeline နဲ့ဆိုရင် အဖြစ်နိုင်ဆုံးလို့ပြောလို့ရပါတယ်။

image