ယာကူဇာနဲ့ ပရီဒေတာ | Predators (201
၂၀၁၀ က ထွက်သွားတဲ့ Predators က တကယ့်အော်စကာဆုရနှစ်ယောက်ပါထားတဲ့ရုပ်ရှင်ပေါ့။ 20th Century Fox ရဲ့ လက်ရာမြောက် Franchise တွေထဲမှာ Planet of the Apes, Avatar, Alien နဲ့ Predator ကို Disney က ဆက်ပြီး တာဝန်ယူမယ်ဆိုတော့ ပထမဆုံး ဘာစိတ်ပူသွားလဲဆိုရင် Predator နဲ့ Alien ကို Disney က ဘာတွေဆက်လုပ်မလဲဆိုတာကိုပဲ။ အခုတော့ The Boys ဒါရိုက်တာ Dan Trachtenberg ရဲ့ Prey နဲ့ Evil Dead ဒါရိုက်တာ Fede Alvarez ရဲ့ Alien: Romulus ကို ကြည့်ပြီး Disney တလွဲမလုပ်ဘူးဆိုတာကို သေချာကိုယုံသွားတယ်။
အခု The Brutalist က အော်စကာမှာတင်မကပဲ တော်တော်လေး hit ထနေတော့ Adrien Brody ရဲ့ ရုပ်ရှင်တွေကိုပြန်ရှာရင်းနဲ့ Predators ကို သွားကြည့်မိတယ်။ ဒီဘဲက တော်တော် genre စုံတဲ့အထဲမှာပါသားပဲ။
Predator ရုပ်ရှင်တွေထဲမှာ Predators က survival နဲ့ horror genre ကို တော်တော်စုံအောင်သုံးပြနိုင်ခဲ့တာလို့ ပြောရမယ်။ Alien vs Predator ပြီးရင် Predators က Predator အကောင်ကြီးတွေ Yautja တွေကို တခြားရှုထောင့်ကနေပြခဲ့တဲ့အပြင်ကို ဇာတ်လမ်းအရလည်း twist ဖြစ်ပြီးတော့ အဖြေကို ဇာတ်လမ်းရဲ့ climax မတိုင်ခင်အထိ ခန့်မှန်းမရခဲ့ဘူး။ ပထမဆုံးထွက်တဲ့ Arnold ရဲ့ Predator ပြီးရင် အခု ဒီ Predators က Prey တောင်လိုက်မမှီတဲ့ Predator ရုပ်ရှင်ပေါ့။
ဒီထဲမှာ နယ်ပယ်အစုံက စစ်သားတွေ၊ ဂန်းစတားတွေ၊ ယာကူဇာတွေ၊ လူသတ်သမားတွေကို Predator တွေက ဖမ်းလာပြီး ဂြိုဟ်ပေါ်မှာပစ်ချထားပြီး တစ်ယောက်စီကို အသာလေးအမဲလိုက်သလိုလိုက်ပြီး ကောင်းကောင်းသမတာ။ အဲမှာမှ ဇာတ်ကောင်တစ်ယောက်စီကိုယှဥ်ရရင် ဂျပန်ယာကူဇာဇာတ်ကောင်ဟန်ဇိုကို ပိုပြီးတော့သဘောကျတယ်။ Supporting role ဆိုတော့ကျ runtime နည်းပေမယ့် အဲဒီတစ် scene က ဒီဇာတ်ကောင်အတွက် လုံးဝအလုံလောက်ဆုံးဇာတ်ကွက်တစ်ခုပေါ့။
Predator တစ်ကောင်နဲ့ ဓားချင်းယှဥ်ခုတ်ရဲတဲ့ သတ္တိ၊ Predator တွေအတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ဆိုတာကို ဓားတစ်လက်တည်းနဲ့သေချာပြသွားခဲ့တဲ့ဇာတ်ကောင်ကိုမြင်တော့ Predator saga မှာ ဂျပန်ဆာမူရိုင်းတစ်ယောက်နဲ့ Predator နဲ့ by one သမတဲ့ရုပ်ရှင်မျိုးတော့ မြင်ဖူးချင်သေးတယ်။
ထားပါတော့၊ အခု Predators မှာ ဒီဘဲက လက်ချောင်းတွေအဖြတ်ခံထားရပေမယ့် တကယ့်တကယ်မှာ တယောက်က ကျန်နေခဲ့ရတော့မယ့်အခြေအနေမှာ ဓားတစ်ချောင်းဆွဲပြီး Predator နဲ့ ယှဥ်ဖိုက်ရဲတဲ့သတ္တိကတော့ ပထမဆုံး Predator မှာ ခြေရာခံတဲ့ Native ဇာတ်ကောင်ကိုတောင် သတိရမိသားပဲ။
