ငယ်ငယ်တုန်းက ဘဝလေးဟာအရမ်းကိုရိုးသားအေးဆေးခဲ့တယ်.... ကိုမာန်ဟိန်း ဆိုတဲ့ ထိုးသားပါဆင့်ဆရာကြီး မပေါ်လာမှီ အချိန်ထိပေါ့ ......."ကိုမာန်ဟိန်း"ဆိုတာက..... ကျွန်တော်တို့တိုက်ကို ပြောင်းလာတာ မကြာသေးပေမဲ့ ဘရာဇီးနဲ့ မော်ရိုကိုပွဲမှာ တရပ်ကွက်လုံး ဘရာဇီးကိုင်တဲ့အချိန် မော်ရိုကို ဘော်ဒီ သိန်း၁၀၀ဖိုး ချတဲ့ ဆရာကြီးပေါ့
""အဲ့ဘဲကြီး က ဖေ့ဘွတ်မှာ နာမည်ကြီးတစ်စတာကွ သူ့ဂရုမှာ မန်ဘာဝင်ရင် ၅သိန်းလောက်ပေးရတယ်"" ဆိုတဲ့ ရပ်ကွက်ထဲက ဘဲကြီးတွေ ရဲ့ စကားဝိုင်းနားကို မယောင်မလည်သွားနားထောင်ရင်းကြားလာရတဲ့ စကားတခွန်းက ကျွန်တော့် ဘဝကို ပြောင်းလဲသွားစေမဲ့ ရည်မှန်းချက်ကြီးတခုကိုစတည်ဖြစ်တည်လာခဲ့တယ်။
Mဆိုင်းလု နီးပါး လန်းတဲ့ဆော်ကို night ခေါ်စားရင်တောင် ၃သိန်းလောက်ပဲရှိတဲ့ခေတ်မှာ ၁ရက်ကို မုန့်ဖိုး ၅၀၀၀ ရတဲ့ ကျွန်တော့်အတွက် ကိုမာန်ဟိန်း မန်ဘာဝင်ဖို့ ၃လကျော်လောက် ဘာမှ မစားပဲစုမှရမဲ့ အနေထားမို့ တချက်တော့တွေဝေသွားတယ် ..... ဒါပေမဲ့ ယောကျာင်္းဆိုတာ ဆုံးဖြတ်ချက်ချပြီးရင် ဖြစ်အောင်လုပ်မဲ့ ဇွဲရှိရတယ်ဆိုတဲ့ သချာင်္ဆရာရဲ့ စကားကို ပြန်ကြားယောင်ပြီး လက်သီးကို ဆုပ် အံကိုကြိတ်လို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချလိုက်မိတော့တယ်။
ရပ်ကွက်ရှင်ပြုမှာ ဖ* ကြီးကြီးနဲ့အဘွားကြီး ကြဲတဲ့ ပိုက်ဆံကို ဝင်လုရင်း ဒူးအကြီးကျယ်ပြဲပြီး တံတောင်တွေပွန်းသွားတာတောင် လက်ထဲအကြွေလေးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း.... ဒီငွေလေးတွေပါ ထပ်ပေါင်းရင် မန်ဘာ မြန်မြန်ဝင်ရတော့မှာပဲဆိုပြီး လူအုပ်ကြားထဲ ငိုင်ငိုင်ကြီးပြုံးနေမိတဲ့ ကျွန်တော် ... ကထိန်အပြီး သီတင်းကျွတ်ရောက်တော့လဲ အမျိုးတွေအပြင်ရပ်ကွက်ထဲ သိသမျှလူ အကုန်လိုက်ကန်တော့ပြီးရလာတဲ့ မုန့်ဖိုးလေးတွေရယ် လက်ထဲမှာစုထားတဲ့ငွေလေးတွေနဲ့ပေါင်းပြီး ရေလိုက်တဲ့အခါ ...၅သိန်း၁သောင်းတောင်ရှိပြီဆိုတော့ လက်တွေတောင် တုန်ရီလာတယ် ....ဘဝမှာ ရည်မှန်းချက်တခုကိုပြည့်အောင် ပထမဆုံးအကြိမ် ဒီလိုကြိုးစားခဲ့ဖူးတာဆိုတော့ ကိုယ့်ကိုကို ယုံကြည်မူ့လဲအပြည့်ရှိလာပြီး မျက်ရည်တွေတောင်ဝဲတက်လာခဲ့တယ်။
မှတ်မိသေးတယ် အဲ့ညက သီတင်းကျွတ်လပြည့်နေ့ကြီး ...၁ယောက်ထဲအခန်းထဲမှာ စဉ်းစားခန်းဖွင့်နေမိတယ်။ "ကိုမာန်ဟိန်းက ကလေးမို့လို့ ဘောပွဲလောင်းတာ လက်ခံပါ့မလား ????
(အော် လက်ခံလောက်မှာပါပဲလေ သူလဲစီးပွားရေးလုပ်နေတာပဲ ငါကလဲ တန်ရာတန်ကြေးပေးတာပဲကို) ....
အခု ညသွားရှာရင်ကောင်းမလား ???
သီတင်းကျွတ်လပြည့်ညကြီးဆိုတော့ လောင်းကစားလုပ်တာ ငရဲကောကြီးမလား ?
အာ ...ကြီးကာမှကြီးရောကွာ "ကိုမာန်ဟိန်းဆီ မန်ဘာဝင်ဖို့ ဘုရားစင်ပေါ်တင်ထားတဲ့စုဗူးထဲက ပိုက်ဆံတောင် စူးနဲ့ထိုးပြီးခိုးခဲ့သေးတာပဲမထူးဘူးဆိုပြီး ...တုန်တုန်ရီရီနဲ့ ကိုမာန်ဟိန်းအပြင်ထွက်ချိန်လောက်မှန်းပြီး တိုက်အောက်မှာစောင့်နေမိတယ်...မိုးသာချူပ်သွားတယ် ဆင်းလာတာမတွေ့မိဘူး။
နောက်ဆုံး မိုးတော်တော်ချူပ်လာလို့မနေနိုင်တော့ပဲ ရပ်ကွက်ထဲက ဘဲကြီးတွေကို မေးကြည့်တော့မှ ...""မင်းမသိဘူးလား ?? အဲ့ဘဲကြီးကို လောင်းကစားမှုလား ဖိုးတွမ်တီးအမူ့နဲ့လားမသိဘူးဖမ်းသွားတာ ၃ရက်လောက်ရှိပြီ"" ဆိုတဲ့ စကားအဆုံး နားထဲကလေတွေထွက်လာသလိုလို နဲ့ ရည်မှန်းချက်တွေကိုရိုက်ချိုးခံရပြီး ဝမ်းနည်းမူ့တွေနဲ့အတူ လမ်းမကြီးပေါ်ကို ခြေဦးတည်ရာ ဘာကြောင့်မှန်းမသိမျက်ရည်တွေ တသွင်သွင်ကျရင်း လျှောက်သွားနေတုန်း အရှေ့မှာ တက်သွားတဲ့ ကျန်ကျောင်းပုံ မီးပုံ ပျံက ကျွန်တော့်ကို လှောင်ရီ သလိုလိုနဲ့ ...........................
