90' ခေတ်ရဲ့ လှည်းတန်း ကမာရွတ်
မြစိမ်းပြာလမ်းသွယ်လေးထဲက ခိုအိမ်တွေ
ဒါမှမဟုတ်ရင်လည်း အသက်ဝဝရှူဖို့တောင်
ကျဥ်းမြောင်းလွန်းလှတဲ့ ကန်ထရိုက်တိုက်တွေ
ဒီစာအုပ်ဟာ
အဲဒီမြစိမ်းပြာလမ်းသွယ်လေးထဲက
သုံးထပ်ကန်ထရိုက်တိုက်ရဲ့
အခန်းကျဥ်းလေးတွေမှာနေထိုင်ကြတဲ့
မိသားစု တွေရဲ့ အကြောင်း ပေါ့
မိသားစုတစ်ခုဆီမှာ ကိုယ်ပိုင်ဘဝတွေ
ကျပ်တည်းမှု / အခက်အခဲ /
ရုန်းကန်ရမှု / ရည်မှန်းချက်
လောဘ / အတိတ်ကိုလွမ်းဆွတ်သတိရမှု
အဆင်မပြေမှုတွေ /
တဝက်တပြက်ပျော်ရွှင်မှုတွေကိုယ်စီနဲ့
ဆရာမနုနုရည်အင်းဝက ဒါတွေကို
မြင်နိုင် ခံစားနိုင်အောင် ရေးပြခဲ့တယ် ။
ဘယ်လိုမျိုးလဲဆိုရင် စာဖတ်သူတွေဟာ
မြစိမ်းပြာလမ်းကလေးထဲရောက်သွားပြီး
အဲဒီ သုံးထပ် ကန်ထရိုက်တိုက်ကြီးရဲ့
အနီးမှာနေထိုင်ရင်း ဝတ္ထုထဲကဘဝတွေကို
အပြင်မှာ ကိုယ်တိုင် မြင်တွေ့နေရသလိုမျိုးပေါ့
