18 ပတ် - ဘာသာပြန်ပါ။

ငါဟာ ရန်ကုန်မြို့ကြီးပေါ်က
လူဝင်စား အချစ်ရှုံးသမားပဲ
အဲဒီ သတင်းကို
မြန်မာ့အသံဝင်းထဲကနေ ငါ လွှင့်မယ်
ငါ့ကို ချစ်ခဲ့တဲ့ အမျိုးသမီးတွေဟာ
ငါ့အသံကို ပြန်ကြားတဲ့အခါ
ရုတ်တရက်တော့ မြို့တော်ခန်းမရှေ့မှာ
လာစုရုံးကြမှာပဲ
ပန်းဆိုးတန်းတဝိုက်မှာ
ငါ့ခြေရာတွေကို လာရှာကြမှာပဲ
ပြီးရင်တော့ ဆူးလေစေတီကို
မေ့မေ့လျော့လျော့ပဲ
သဘောထားကြသလို
မေ့လျော့သွားကြဦးမှာ
ရန်ကုန်မြို့ကြီးဟာ လူတွေနဲ့ ကားတွေ
အချိုးကျ ဖွဲ့စည်းထားတာပဲ
အချိန်မရွေး အက်ဆီးဒင့်ဖြစ်ပြီး
တစ်ယောက်ကိုတစ်ယောက်
ချစ်မိသွားနိုင်တယ် ဒါမှမဟုတ်လည်း
တစ်ယောက်က တစ်ယောက်ကို
သတ်ဖြတ်မိသွားနိုင်တယ်
လမ်းလယ်ခေါင်မှာ သွေးအလိမ်းလိမ်းနဲ့
သေဆုံးသွားရသူတစ်ယောက်အတွက်
လမ်းညွှန်သတိပေးဆိုင်းဘုတ်တွေဟာ
ဘယ်လိုသဘောဆောင်နေမလဲလို့တော့
ဘယ်သူမှ မပြောနိုင်သေး
ငါ့ကို စောင့်ရှောက်ပါဦး မနှင်းဆီလေးရေ။
▫️ဆစ်ခ်▫️
- ရန်ကုန်မြို့ကြီးအတွက်အချစ်ကဗျာတစ်ပုဒ်/မှ
_ _ _ _ _ _ _ _ _ _ _
ရန်ကုန်မြို့ကြီးပေါ်က မာရ်နတ်အတွက်
အချစ်ကဗျာတစ်ပုဒ်

image