7 ပတ် - ဘာသာပြန်ပါ။

ဆန်းတို့စ်အတွက် နေမာကတော့ ခြေစွမ်းဆက်တိုက်ပြနေပါတယ်။ ဒီမနက်ပွဲမှာလည်း ဂိုးသွင်းခဲ့ပြီး ဖရီးကစ်ကနေ သွင်းခဲ့တာပါ။ ဆန်းတို့စ်တို့ နိုင်ပွဲဆက်ခဲ့ပြီး နေမာရဲ့ ခြေစွမ်းပြမှုတွေကလည်း သူတို့အတွက် အရေးပါနေခဲ့ပါတယ်။
သူ စုစုပေါင်း ၃ဂိုးသွင်းထားခဲ့ရာမှာ ဂိုးအားလုံးကို တည်ကန်ဘောကနေ သွင်းခဲ့တာပါပဲ။ ပင်နယ်တီ၊ ထောင့်ကန်ဘောနဲ့ ဖရီးကစ်တွေကနေ သွင်းထားတာပါ။ ဖန်တီးမှု ၃ကြိမ်လည်း လုပ်ထားပါတယ်။
လက်ရွေးစင်အသင်းမှာပါ ပြန်ရွေးခံထားရပြီး ၁နှစ်ကျော်ဝေးကွာနေတာကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဆန်းတို့စ်ကို ပြန်ကစားခဲ့တာ နေမာအတွက်တော့ ဆုံးဖြတ်ချက်မှန်ခဲ့တယ်လို့ ဆိုရပါမယ်။ အကောင်းဆုံးပုံစံပြန်ရလာဖို့အတွက် လမ်းကြောင်းမှန်ပေါ်ရှိနေပြီး နီးကပ်လာပြီလည်းဖြစ်ပါတယ်။

image