Software Update ၆ နှစ်အထိ ရမယ့် Galaxy A Series အသစ်တွေ
Samsung ကနေ Galaxy A Series အသစ်တွေဖြစ်တဲ့ Galaxy A56, A36 နဲ့ A26 တို့ကို မနေ့က မိတ်ဆက်ခဲ့ပါပြီ။ Spec+ တွေအရင်မပြောခင် Samsung ကတော့ Galaxy A Series မှာလည်း Software ပိုင်းကို upgrade လုပ်လာတာပါ။ A Series မော်ဒယ်အသစ်တွေအကုန် OS နဲ့ Security Update ကို ၆ နှစ်အထိ သုံးနိုင်မှာပါ။ ဒါတင်မကသေးပဲ Flagship Series ဖြစ်တဲ့ S25 Series ရဲ့ AI Feature အချို့ကိုပါ သုံးနိုင်ဦးမယ်လို့ ဆိုပါတယ်။
