လူတစ်ချို့ပေးတဲ့သင်ခန်းစာ💥
အရှုံးပေးတာများတော့
လူတွေက အနိုင်ယူချင်ကြတယ်
ခေါင်ငုံ့ခံပေးတာများတော့
လူတွေက တက်နင်းချင်ကြတယ်
သည်းခံပေးတာများတော့
လူတွေက စော်ကားဖို့အတွက်
ထပ်ကြိုးစားကြတယ်
ခွင့်လွှတ်ပေးတာများတော့
လူတွေက ထပ်မှားဖို့
ပြင်ဆင်ကြတယ်
လိုက်လျောပေးတာများတော့
လူတွေက ငပေါလို့ထင်ကြတယ်
စေတနာထားပေးတာများတော့
လူတွေက ရတဲ့အခွင့်အရေးကိုအသုံး
ချကြတယ်
အခု
တော်သင့်ပါပြီ____
အရှုံးပေးခဲ့တာတွေ
ခေါင်းငုံ့ခံပေးခဲ့တာတွေ
သည်းခံပေးခဲ့တာတွေ
ခွင့်လွှတ်ပေးခဲ့တာတွေ
လိုက်လျောပေးခဲ့တာတွေ
စေတနာထားပေးခဲ့တာတွေ
အားလုံးက သဲထဲရေသွန်သလိုပါပဲ။
လိုတာထက်ပိုကောင်းပေးခဲ့တာတောင်
လူတစ်ချို့က
ကိုယ့်အတွက် တစ်ကြိမ်လောက်
ပြန်ကောင်းပေးဖို့အတွက် ဝန်လေးကြတယ်
ဒါပေမယ့်
အပြစ်မတင်ပါဘူး
အပြစ်လဲ မမြင်ရက်ခဲ့ဘူးလေ
သူတို့ပေးလိုက်တဲ့သင်ခန်းစာက
ကိုယ့်အနာဂါတ်အတွက်တော့
တန်ဖိုးမဖြတ်နိုင်တဲ့
အရာတစ်လို့ သတ်မှတ်လိုက်ပါတယ်။
#စာပေ
