#မယ်ဇလီ အသည်းခြောက် ရေဖျဉ်းသမားများ ဝမ်းမြောက်ဖွယ် "
🌻🌻🌻🌻🌻🌻🌻🌻
ကိုယ်တွေ.ဆေးနည်းစွမ်း
ရေဖျဉ်း၊ အသည်းသမားအတွက် မှတ်သားဖွယ်
#မယ်ဇလီပင်
ဇနီးဖြစ်သူက အရက်လျော့သောက်ပါ..
သောက်ပါဆိုသည်စကားပြော၍တစ်နှစ်မျှပင်
မကြာလိုက် ကိုထွန်းအောင် ရေဖျဉ်းရောဂါဖြင့်အိပ်ရာထဲလဲတော့သည်။
ရေဖျဉ်းဖြစ်ပြီး ခန္ခာကိုယ်အောက်ပိုင်း
ပေါင်နှင့်ခြေသလုံးများပါ ဖေါရောင်၍ အိပ်၍မရ အသက်ရှုကြပ်လှသည်ဆိုသည်။
ခက်သည်ကား ကျောက်ကပ်ကြောင့်လား၊
အသည်းကြောင့်လား တိတိပပ ဝေခွဲမရဖြစ်ပြန်သည်။
မြို့တက်၍ ဆရာ၀န်ဖြင့် စမ်းသပ်မှုများပြုလုပ်ရာ အသည်းခြောက်ပြီး ရေဖျဉ်းစွဲကြောင့်ဟု သိရသည်။
ဆေးရုံလည်းမတက်လို၍ ရွာသို့ပြန်ခေါ်ရင်း
ဘာလုပ်ပေးရမည်မသိ ဖြစ်နေစဉ်၊
ကိုယ်တိုင်ဖြစ်ဖူးပါတယ်…ငါပြောသလို လုပ်ကြည့်ပါဟု မိတ်ဆွေတစ်ဦးကဆို၍ အောက်ပါဆေးနည်းအတိုင်း ဆောင်ရွက်ကြည့်ရာ အမှန်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။
*ဆေးနည်း*
(၁) မယ်ဇလီပင်မှ အခေါက်ကိုခွါရသည်။
(၂) မယ်ဇလီခေါက်(၃)ပိဿာကို ရေစင်အောင်ဆေးပြီး မီးရှို့ပြာချလိုက်ရသည်။
(၃) ထိုပြာများကို ရေသုံးဖလားဖြင့်ရောကာ နေ့စဉ် နံက်တစ်ကြိမ်ညနေတစ်ကြိမ် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၁)လုံးမျှ ရေစစ်ဖြင့်စစ်ပြီးတိုက်ပေးရခြင်းဖြစ်ပါသည်။
(၄) ထိုသို့ပြုလုပ်ပြီး(၂)ရက်အကြာတွင် ဆီးမကြာ
ခဏစသွားကာ တစ်လအတွင်း ဖောင်ကားနေသည့်
ဗိုက်အိုးကြီးမှာ သိသိသားလျော့ကျ၍ အရှင်းပျောက်ကင်းသွားခြင်း ဖြစ်သည်ဟုဆိုပါသည်။
ကိုယ်တွေ့ကြုံဖူးသူ ပြောပြသောဆေးနည်းလေးဖြစ်ပါ၍ ခေတ်မီဆေးဝါးတို့ဖြင့် ကုသရန် ခက်ခဲနေသူတို့
လိုအပ်ပါလျှင် အသုံးပြုနိုင်ပါရန် တင်ပြလိုက်ပါသည်။ ။
Credit to ရဲမျိုးသူ(ဗောဓိမြိုင်)
