7 ပတ် - ဘာသာပြန်ပါ။

"မိဘဆီကသားသမီးတွေလိုချင်တာက
ဖြုန်းဖို့ ကြွားဖို့ ရွှေငွေ မဟုတ်ပါဘူး
ဂရုစိုက်ကြည်နာတဲ့မေတ္တာပါဆရာရယ်..."
ဒီဝတ္ထုလေးကိုဆရာမကြည်အေးရဲ့အသက်15နှစ်တုန်းကရေးခဲ့တယ်ဆိုတာကိုအမှာစာကတစ်ဆင့်သိနိုင်ပါတယ်🧐
🥀ဝတ္ထုရဲ့အဓိကဖြစ်တဲ့တင်မေဆိုတဲ့မိန်းကလေး
အရာရာကိုကြောက်တတ်လွန်းသူ
🥀တင်မေ့အဖေကစီးပွားရေးသည်သာအဓိက
တင်မေလိုချင်ခဲ့တဲ့ဂရုစိုက်မှုကိုမပေးသူ
🥀အမေဟာလည်းလင်မျက်နှာတစ်ကမ္ဘာဖြစ်နေပြီးတင်မေအပေါ်မေတ္တာမပေးခဲ့သူ
တင်မေ့ဘဝမှာအချစ်ရဆုံးသူအမေ့ညီမဝမ်းကွဲအဒေါ်သာရှိခဲ့သည်
နောက်ပိုင်းအဖေနဲ့အဒေါ်ဟာလည်းအိမ်ထောင်ရေးဖောက်ပြန်လာပြီး
တစ်နေ့တစ်နေ့အိမ်မှာအဖေနဲ့အမေ
ရန်ဖြစ်နေတာကိုနေ့တိုင်းမြင်ခဲ့ရတဲ့
တင်မေဟာစိတ်ဒဏ်ရာတစ်စတစ်စရလာခဲ့ပါတော့တယ်
အသက်လေးရလာတော့အမဖြစ်သူမခင်မေနဲ့ရန်ကုန်မြို့မှာဘော်ဒါဆောင်နေရင်း
သူမအပေါ် ချစ်ခင်ဆိုဆုံးမပေးရှာတဲ့
ဆရာအောင်မင်းဆိုသူနဲ့ခင်မင်သွားခဲ့ပါတော့တယ်
အိမ်မှာနေရတာမပျော်တဲ့တင်မေတစ်ယောက်ဟာဆိုရင်ဖြင့်ဘော်ဒါဆောင်ပျော်,မြို့ပျော်တစ်ယောက်ဖြစ်လာရင်းဘိုင်စကုတ်ရုံ(ရုပ်ရှင်ရုံ)မှာတွေ့ခဲ့တဲ့ကိုကျော်ဆိုသူနဲ့လည်းချစ်သူသမီးရည်းစားတွေဖြစ်ခဲ့ကြပါတယ်
သူမရဲ့အိမ်ပြန်လမ်းမှာသူမခံစားခဲ့ရတာတွေ
အိမ်ပြန်ရောက်ပြီးတဲ့နောက်ပိုင်း
အိမ်အနားဆီကမြရာကုန်းချောင်းကိုခဏခဏသွားပြီးသတ်သေဖို့စဉ်းစားခဲ့တာတွေကိုလည်းမြင်တွေ့ရမှာပါ💔
သူမမောင်လေးအပု မဆုံးခင်ခံစားခဲ့ရတဲ့အတိုင်း
ချောင်းဆိုးရင်သွေးပါတတ်တဲ့ဝေဒနာဆိုးကြီးကိုခံစားနေရတဲ့တင်မေ🥀
နောက်ပိုင်းတင်မေတစ်ယောက်ဘာတွေဖြစ်သွားမလဲ??

image