ရန်ကုန်မှာ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်၊ နောက်ဆက်တွဲ ငလျင်တွေ ထပ်လာဦးမှာလား
၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၀၃)မိနစ်၊ (၁၃)စက္ကန့် အချိန် တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၇)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိခဲ့တယ်လို့ မိုးဇလ ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
နောက်ဆက်တွဲ ငလျင်တွေ လာနိုင်တာကြောင့် ရန်ကုန်နေ ပြည်သူများ အထူးဂရုပြုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
#ရန်ကုန်
