ဆုတောင်း 🍃
မောင်သာ
ရွက်ဝါကလေးဖြစ်ပါရင်
ခင့်ကိုယ်ပေါ် တစ်ပင်လုံး
သိမ်းကြုံးကြွေချင် ။
မောင်သာလေ
နေကလေးဖြစ်ရင်
ခင့်အိပ်ရာ ပြတင်းပေါက်
မေးထောက်ကာ မျှော်မဆုံး
တစ်သက်လုံးနေမဝင် ။
ဒါပေမဲ့ ... ချစ်သူ ခင်
မျက်နှာမြင် မုန်းချင်သတဲ့။
သည်လိုသာဆိုရင်လည်း
နောက်မချစ်ရဲအောင်
ကျောက်စရစ်ခဲအသွင်သာ
မောင် ဖြစ်ပါ စေချင်ကြောင်း
ဆုတောင်းမိရဲ့ ။ ။
▪သစ္စာနီ
