18 ပတ် - ဘာသာပြန်ပါ။

တစ်လကို YouTube ဝင်ငွေ ဒေါ်လာ ၄ သန်း ရနေတဲ့ Mr. Beast
====================================
Mr. Beast ဟာ ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး YouTuber တစ်ယောက် ဖြစ်ပါတယ်။ အခုတော့ သူဟာ ၂၈ ရက်အတွင်း YouTube ဝင်ငွေ ဒေါ်လာ ၄ သန်းရတယ်လို့ သတင်းထွက်လာပါတယ်။
Mr. Beast ဟာ YouTube ကနေ ဝင်ငွေ ရနေသလို Feastables နဲ့ Lunchly လို စီးပွားရေးလုပ်ငန်းတွေကိုလည်း တည်ထောင်ထားပါတယ်။ Celebrity Net Worth ရဲ့ စာရင်းအရ သူရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁ ဘီလီယမ် ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ Forbes က သူ့ရဲ့ နှစ်စဉ် ဝင်ငွေဟာ ဒေါ်လာ ၈၅ သန်းဝန်းကျင် ရှိတယ်လို့ တွက်ချက်ထားပါတယ်။
မကြာခင်က ထွက်ပေါ်လာတဲ့ Screenshot အရ သူ့ရဲ့ ဗီဒီယိုဟာ ၂၈ ရက်အတွင်း ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၂.၆၈၈ ဘီလီယမ်နဲ့ ကြည့်ရှုတဲ့ နာရီက ၁၆၂ သန်းကျော် ရှိပါတယ်။ တွက်ချက်ကြည့်ရင် YouTube တစ်ခုထဲကနေ သူ့ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၄.၂၃ သန်း ရှိပါတယ်။
သူဟာ YouTube ဝင်ငွေ အပြင် ကြော်ငြာတွေ၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေကနေ ဝင်ငွေများစွာ ရရှိနေပါတယ်။

image