Bobby Soxer ရဲ့ သီချင်းသစ်အောက်မှာ စနှိုက်တာ နာမည်လေးလုံးနဲ့ မင်းသမီးလို့ ကောမန့်ဝင်ပေးခဲ့တဲ့ လွှမ်းပိုင် 🙂
ဒီကနေ့မှာ ထွက်ရှိလာတဲ့ အဆိုတော် ထက်ထက် (Bobby Soxer) ရဲ့ နာမည်တပ်ပြီးပြောပိုင်ခွင့်မရှိ ဆိုတဲ့ သီချင်းသစ်ပို့စ်အောက်မှာဖြစ်ပါတယ်။ သီချင်းမှာပါဝင်တဲ့ စာသားအကြောင်းအရာတွေအားလုံးဟာ သူမရဲ့ ရည်းစားဟောင်းဖြစ်သူ အဆိုတော်လွှမ်းပိုင်ကို ရေးသားထားတာဖြစ်တယ်လို့ ပရိသတ်တွေက မှတ်ယူရေးသားနေကြတာပါ။ ဒါကိုပဲ လွှမ်းပိုင်က 'B Sox ဆီက စနှိုက်တာ ဘယ်သူလဲ နာမည်လေးလုံးနဲ့ တက်သစ်စ မင်းသမီး' လို့ မှတ်ချက်ပေးရေးသားခဲ့တာပါ။ သူတို့အတွဲပြတ်ခါစမှာတော့ ပရိသတ်တွေက တက်သစ်စမင်းသမီး နာမည်လေးလုံးနဲ့သူအား စွပ်စွဲရေးသားခဲ့ကြဖူးပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer ဟာ ဆယ်စုနှစ်တစ်ခုနီးပါးကြာအောင် တွဲခဲ့ကြဖူးတဲ့ ချစ်သူတွေပါ။
#celenews
