8 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှားသမ္မတပူတင် မြောက်ကိုရီးယားအာဏာရပါတီ ထိပ်တန်းတာဝန်ရှိသူနှင့် တွေ့ဆုံ
ရုရှားသမ္မတ ပူတင်သည် မြောက်ကိုရီးယား အာဏာရပါတီမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးနှင့် ဖေ ဖော်ဝါရီ ၂၇ ရက်တွင် မော်စကို၌ တွေ့ဆုံခဲ့ကြောင်း ရုရှားအစိုးရက ပြောသည်။
သမ္မတပူတင်သည် ခရင် မလင် နန်းတော်၌ မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးရီဟိုင်ယောင် နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ရီဟိုင်ယောင်သည် ရုရှားအာဏာရယူနိုက်တက် ရုရှားပါတီတာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံအကြား ခေါင်းဆောင်များ အပြန်အလှန် သွားရောက်ခြင်း အပါအဝင် ခရီးစဉ်များမှာ နှစ်နိုင်ငံစစ်ရေးဆက်ဆံမှုနက်ရှိုင်းလာချိန်တွင် မြောက်ကိုရီးယားသည် ရုရှားအတွက်အရေးပါလာသည့်လက္ခဏာတစ်ရပ်ဟု စောင့်ကြည့် လေ့လာသူများက ဆိုသည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့သည် တစ်နိုင်ငံစစ်ဖြစ်နေချိန်တွင်စစ်ရေးနှင့် အခြားအကူအညီများ အပြန်အလှန်ပေးအပ်ရန် အချက်ပါဝင်သည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကိုယမန်နှစ်တွင် လက်မှတ်ရေးထိုးထားသည်။
နောက်ထပ် မြောက်ကိုရီးယား တပ်ဖွဲ့များကို ရုရှားသို့ စေလွှတ်ထားကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က မကြာသေးမီက ပြောဆိုထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရမည်ဟုကတိပြုထားပြီး မကြာသေးမီကလည်း ရုရှားနှင့် အမေရိကန်ထိပ်တန်း တာဝန်ရှိသူများ ဆော်ဒီအာရေဗျတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အင်န်အိတ်ချ်ကေ

image