8 ပတ် - ဘာသာပြန်ပါ။

သည်းခံလိုက်ပါ
"""""""""""""""""""""""""""""
မတန်လို့ အပြန်အလှန်မပြောတာကို
ငါမှန်တယ်ထင်နေတဲ့သူတွေကို
သည်းခံလိုက်ပါ

ကိုယ်အဆင်ပြေမှာကိုကြောက်ပြီး
ကိုယ်အဆင်မပြေတာကို
ကြိတ်ဝမ်းသာနေကြတဲ့သူတွေကိုလည်း
သည်းခံလိုက်ပါ

လိုအပ်မှ လာပေါင်း
မလိုအပ်ရင် ချောင်ထိုးထားတတ်တဲ့
လူတစ်ချို့ကိုလည်း သည်းခံလိုက်ပါ

ချစ်ပါတယ် ခင်ပါတယ်နဲ့
နှုတ်က တတွတ်တွတ်ပြောနေပေမယ့်
နောက်ကျောကနေ
ဘယ်အချိန်ဓားနဲ့ထိုးရမလဲဆိုပြီး
ဟာကွက်ကို စောင့်နေတဲ့
အပေါင်းအသင်းတစ်ချို့ကိုလည်း
သည်းခံလိုက်ပါ

သည်းခံခြင်းက အောင်နိုင်ခြင်းမို့
ကိုယ့်အပေါ်
မကောင်းကြံခြင်းမှန်သမျှကို
သည်းခံကာ အပြုံးနဲ့သာအနိုင်ယူလိုက်ပါ။


#စာပေ
#ဗဟုသုတ

image