8 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ဂျာမနီ ဆက်လက်ပံ့ပိုးကူညီမည်

မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ အတွက်ဆက်လက်ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးက ကြေညာထားသည်။

၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းပေါင်းများစွာကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဂျာမနီအနေဖြင့် ကုလသမဂ္ဂဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၁၉၄ သန်းကို ၂၀၂၅ ခုနှစ်အတွက် အပြည့်အဝ ထည့်ဝင်ခဲ့ပြီးဖြစ်ကာကုလသမဂ္ဂက ၎င်းတို့၏ လုပ်ငန်း လုပ်ငန်းများအား ပြည့်ဝစွာလုပ်ဆောင်ရန် ရည်ရွယ် ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ ရန်ပုံငွေများအတွက် ၂ဝ၂၄ ၄ ခုနှစ်တွင် ဂျာမနီနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တိုက်ရိုက်ထည့်ဝင်ခဲ့ပြီး ၎င်းတို့ အနက်မှ အမေရိကန်ဒေါ်လာ ခုနစ်သန်းကို မြန် မြန်မာလူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေ (MHF) သို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်းကြောင့် ဂျာမနီသည် ဆွီဒင်နိုင်ငံနှင့်အတူ ၂ဝ၂၄ ခုနှစ်တွင် MHF အတွက် ပံ့ပိုးပေးသည့် ဒုတိယအကြီးဆုံးထည့်ဝင်သူ ဖြစ်လာခဲ့ပြီး ၂ဝ၂၅ ခုနှစ် တွင်လည်း ဂျာမနီသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းပေါင်းများစွာကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

image