8 w - Translate

နှစ်ပေါင်း ၅ ထောင်ကျော် ကြာအောင် စွမ်းအင် ပေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး နယူးကလီးယား ဘက်ထရီ
=========================================================
စမတ်ဖုန်း ၊ တက်ဘလက်တွေကို နေ့တိုင်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုတွေ ကင်းဝေးတော့မှာပါ။ ဘယ်တော့မှ မသေတဲ့ ဘက်ထရီတွေ အနာဂတ်မှာ ပေါ်ထွက်လာတော့မှာပါ။
UK Atomic Energy Authority (UKAEA) နဲ့ University of Bristol တို့ ပူးပေါင်းပြီး ကမ္ဘာ့ ပထမဆုံး နယူးကလီးယား ဘက်ထရီကို တီထွင်လိုက်ပါတယ်။ ကာဘွန် -၁၄ စိန် ဘက်ထရီလို့ ခေါ်ပြီး နှစ်ပေါင်း ၅,၇၀၀ သက်တမ်းရှိတဲ့ ကာဘွန်ရဲ့ ရေဒီယို သတ္တိကြွ အိုင်စိုတုပ် ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် နှစ်ထောင်ပေါင်းများစွာ အသုံးခံပါတယ်။
ဘက်ထရီကနေ ရေဒီယိုလှိုင်းတွေ မထွက်သွားအောင် ကမ္ဘာမှာ အမာကျောဆုံး ဒြပ်ထု ဖြစ်တဲ့ စိန်ထဲမှာ ဘက်ထရီကို ထည့်သွင်းထားပါတယ်။ ဘက်ထရီ က စွမ်းရည်မြင့်ပေမယ့် အရွယ်အစားက တော်တော်သေးပါတယ်။ ဘက်ထရီ အရွယ်အစားက အလျား၊ အနံ ၁၀ မီလီမီတာနဲ့ အထူက ၀.၅ မီလီမီတာပဲ ရှိပါတယ်။
ပညာရှင်တွေက နှစ်ပေါင်းများစွာ စွမ်းအင် လိုအပ်တဲ့ အာကာသစူးစမ်းလေ့လာရေးမှာ အသုံးပြုနိုင်ပြီး အာကာသယာဉ်နဲ့ ဂြိုလ်တုတွေကို စွမ်းအင် ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါတင်မကသေးပါဘူး။ လူ့ ခန္တာကိုယ်ထဲမှာ စက်ကိရိယာထည့်ပြီး ကုသထားရတဲ့ ဝေဒနာရှင်တွေအတွက်လည်း ဘက်ထရီက နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးမှာပါ။ အဲဒီအတွက် ခွဲစိတ်ကာ ဘက်ထရီ လဲစရာ မလိုတော့ပါဘူး။

image