လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်က နောက်ထပ်ကစားရမဲ့ပွဲစဉ် ၁၀ ပွဲအထိရှိနေတာကြောင့်သူ့အနေနဲ့ ဒီရာသီကာလမှာပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ရေးအထိမတွေးသေးကြောင်းအတည်ပြုပြောဆိုလာခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်အနေနဲ့ အသင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တုင်္နးက ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၂-၀ နဲ့အနိုင်ရအောင်လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီဟာကအဝေးကြီးမှာရှိနေပါသေးတယ်။နောက်ထပ်ကစားရမဲ့ပွဲစဉ် ၁၀ ပွဲကျန်ရှိနေပါသေးတယ်။ငါတို့မတ်လမှာပရီးမီးယားလိဂ် ၁ ပွဲပဲ့ကစားရပါလိမ့်မယ်။ဒီနောက်ပိုင်းမှာတော့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်ကစားရမှာဖြစ်ပြီးနိုင်ငံတကာပွဲစဉ်ကာလဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပဲရစ်စိန့်ဂျာမိန့်အသင်းနဲ့အရေးကြီးတဲ့ပွဲစဉ်ရှိပါတယ်။ဒါကြောင့်ငါတို့ဝေးဝေးမကြည့်သေးပါဘူး။
ကျနော်လည်းသိပါတယ်။ကစားသမားအသီးသီးကလည်း ချန်ပီယံလိဂ်ပွဲစဉ်ဟာဘယ်လောက်ခက်ခဲမလဲဆိုတာသိပါတယ်။သူတို့လည်းငါတို့အသင်းလိုမျိုးကောင်းမွန်တဲ့ကစားပုံအနေအထားမှာရှိနေပါတယ်။သူတို့အသင်းမှာရှုံးပွဲမရှိသေးဘဲ ဒီဟာက ၂ သင်းစလုံးအတွက်ခက်ခဲတဲ့ပွဲစဉ်ဖြစ်ပါတယ်။
ကစားသမားတွေလည်းအနားရမှာဖြစ်ပြီးလက်ရှိမှာတော့ငါတို့အနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဂရုစိုက်တာထက်ပီအက်စ်ဂျီနဲ့ပွဲစဉ်ကိုပိုအာရုံစိုက်နေပါတယ်လို့ ချန်ပီယံဖြစ်ဖို့ကိစ္စတွေးရမဲ့အချိန်ကာလရောက်ပြီလားဆိုတာနဲ့ပတ်သက်ပြီး TNT Sports သတင်းနဲ့အင်တာဗျူးမှာ ကြိုးကြာနီအသင်းနည်းပြကြီးကပြောဆိုခဲ့တာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
