8 w - Translate

သင်ကိုယ်တိုင်က အကောင်းဆုံးဖြစ်အောင် လုပ်ပါ ။
ဘဝမှာ လူတိုင်းက အကောင်းဆုံးတွေကို လိုချင်ကြတာချည်းပဲ ။ ကောင်းမွန်တဲ့ ဘဝ ၊ ကောင်းမွန်တဲ့ မိသားစု ၊ ကောင်းမွန်တဲ့ အိမ်ထောင်ဖက် စတာတွေကို လိုချင်ကြတာပဲ ။ ဒါဟာ မမှားပါဘူး ။ အကောင်းဆုံးကို မျှော်လင့်ပိုင်ခွင့်နဲ့ ကောင်းတာကို ရွေးချယ်ခွင့်က လူတိုင်းမှာ ရှိတာမို့လို့လေ ။
ဒါပေမဲ့ ကောင်းတာတွေကို လိုချင်ရင် ကိုယ်တိုင်ကလည်း အကောင်းဆုံးဖြစ်အောင် လုပ်ရမယ် ။ လောကမှာ အရာအားလုံးက အပြန်အလှန် သက်ဆိုင်နေခြင်းပဲ ။ သင်က ကျောင်းကောင်းကောင်းတစ်ခုမှာ တက်ချင်သလို ကျောင်းကလည်း တော်တဲ့ ကျောင်းသားကိုပဲ လိုချင်ကြတာ ။
သင်က ကောင်းမွန်တဲ့ ၊ ထက်မြက်တဲ့ ၊ အရည်အချင်းရှိတဲ့ မိသားစု အသိုင်းအဝိုင်းတစ်ခုကို လိုချင်တယ်ဆိုသလို မိသားစုဝင်တွေကလည်း သူတို့အတွက် ဂုဏ်ယူလို့ရတဲ့ ၊ မှီခိုလို့ ရတဲ့ ၊ တော်တဲ့ မိသားစုဝင်တစ်ယောက်ကိုပဲ လိုချင်ကြတာ ။ အိမ်ထောင်ဖက်ဆိုလည်း အဲဒီအတိုင်းပဲ ၊ သင်ကလည်း တော်တဲ့ အိမ်ထောင်ဖက် ၊ နွေးထွေးတဲ့ ၊ သစ္စာရှိတဲ့ ၊ အားကိုးရတဲ့ အိမ်ထောင်ဖက်ကို လိုချင်သလို တစ်ဖက်ကလည်း အဲဒီလို လူမျိုးကိုပဲ လိုချင်မှာပဲ ။
ဒီကမ္ဘာကြီးမှာ အရာအားလုံးက အပြန်အလှန် သက်ရောက်နေကြတာ ။ ကိုယ်က ကောင်းမွန်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ဖို့ အရည်အချင်း မရှိသေးရင် ၊ မထိုက်တန်သေးရင် ပိုင်ဆိုင်ရဦးမှာ မဟုတ်ဘူး ။ အလုပ်ကောင်းကောင်းတစ်ခုကို လိုချင်ရင် သင့်မှာ အလုပ်ကောင်းကောင်း ရနိုင်တဲ့ အရည်အချင်းရှိမှရမယ် ။ အရည်အချင်းမရှိဘဲ အလုပ် ကောင်းကောင်းမရလို့ဆိုပြီး ညည်းတွားနေလို့ မရဘူး ။
ကိုယ်က ဘာလိုချင်သလဲဆိုရင် ကိုယ်က ဘာကို ပေးနိုင်သလဲဆိုတာကိုလည်း အရင်စဉ်းစားရမယ် ။ တော်တဲ့ အရာတွေကို လိုချင်လား ၊ ကိုယ်က အရင်တော်တဲ့လူဖြစ်အောင် လုပ်ရမယ် ။ ကောင်းတဲ့ အရာတွေကို လိုချင်လား ၊ ကိုယ်က အရင်ကောင်းတဲ့ လူဖြစ်အောင် လုပ်ရမယ် ။
#တစ်ဘဝစာတာဝန်များ #နေဗလ် #nayvel

image