8 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လိင်ပြောင်းတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်တပ်များမှ အမေရိကန်ပြည်ထောင်စု ဖယ်ရှားမည်
ဖြစ်စဉ်တစ်ခုချင်းစီအရ ကင်းလွတ်သက်သာခွင့်မရသည့် လိင်ပြောင်း တပ်ဖွဲ့ဝင်များကို လက်နက်ကိုင်တပ်များမှဖယ်ရှားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ရုံးတွင်းညွှန်ကြားချက်ထုတ်ပြန် ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်လက်နက်ကိုင်တပ်များ၌ လိင်ပြောင်းလဲထားသော တပ်ဖွဲ့ဝင်များပါဝင်မှုကို ပိတ်ပင်ရန်ရည်ရွယ်သည့် သမ္မတ အထူးအမိန့်ဒီကရီတစ်ရပ်ကို ဇန်နဝါရီလ အတွင်း လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
မွေးရာပါ လိင်ကိုမလိုလားမှုကြောင့် စိတ်ဖိအားဝင်မှုပြဿနာ (Gender dysthoria)လက်ရှိ ရှိနေသူ၊ ရှိခဲ့ဖူးသူ သို့မဟုတ် အထက်ပါစိတ်ရောဂါနှင့် ကိုက်ညီသည့် ရောဂါလက္ခဏာများရှိနေသူတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်တပ်များမှ ဖယ်ရှားရေးအတွက် စိစစ်မည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရုံးတွင်းမှတ်တမ်းများ၌ ဖော်ပြထားသည်။
ယင်းလုပ်ငန်းစဉ်အတွင်း တပ်ဖွဲ့ဝင်များ၏ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီကို စိစစ်ပြီးနောက် တပ်မှထုတ်ပယ်ခံရမှုမှ ကင်းလွတ်ခွင့်ပေးသင့်၊မပေးသင့်ကို စဉ်းစားပေးမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ရုံးတွင်းမှတ်တမ်းများအရ သိရသည်။
ယခုလအစောပိုင်းကထုတ်ပြန်ခဲ့သော ကာကွယ်ရေးဝန်ကြီးဌာနရုံးတွင်း ညွှန်ကြားချက်တစ်ရပ်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၌ လိင်ပြောင်းလဲထားသူများပါဝင်မှုကို ပိတ်ပင်ထားပြီး လက်ရှိတာဝန်ထမ်းဆောင်ဆဲတပ်ဖွဲ့ဝင်များအတွက် လိင်ခွဲစိတ်ပြောင်းလဲပေးမှုများကိုလည်း ရပ်တန့်ထားကြောင်း ဖော်ပြထားသည်။

image