အိပ်နေရင်ညနိုးနေရင်နေ့-နုနုရည်အင်းဝ
(Rating-6/6)
"အလင်းရောင်ဆိုတာ ဘယ်လိုဟာလဲ...
ကောင်းကင်ဆိုတာ ဘယ်လိုဟာလဲ..
မြေကြီးဆိုတာ ဘယ်လိုဟာလဲ....
ဘုရားစေတီဆိုတာ ဘယ်လိုဟာလဲ..."
#အိပ်နေရင်ညနိုးနေရင်နေ့
#နုနုရည်အင်းဝ
ဒီဝတ္ထုကိုဖတ်ပြီးတော့
မျက်စိမှိတ်ပြီးခဏလေးလမ်းလျှောက်ကြည့်တာ
ခလုတ်တိုက်ပြီး ခြေထောက်
သွေးခြေဥသွားရတယ်ဆိုရင်
မွေးကတည်းက မမြင်ရတဲ့ သူတို့လေးတွေ ဘဝဆို
ဒီထက် ဘယ်လောက်တောင်
ဆိုးလောက်မလည်းဆိုတာသိခဲ့ရပါတယ်🥺💔
အိုဟောင်းလွန်းလှတဲ့စက်ရုံအဟောင်းကြီးထဲမှာ
မျက်စိမမြင်သူတွေရဲ့အိမ်ထောင်စုပေါင်းနှစ်ဆယ်(သို့)လူပေါင်းရှစ်ဆယ်ကျော်နဲ့သူတို့တွေအားကိုးနေရတဲ့
မျက်စိမြင်တဲ့ဆယ်ကျော်သက်အရွယ်
"ခေါင်းတွဲ"လေးနဲ့ပေါ့🥀
အဓိကဇာတ်ဆောင်တွေဖြစ်တဲ့
ဂန္ဒီ၊ဦးအောင်၊မညိုစိမ့်၊ကိုကံဦး၊
မမကြင်၊ဖိုးကျော်၊အယ်နီတာ စတဲ့
မျက်စိမမြင်ရတဲ့ သူလေးတွေရဲ့ ဘဝတွေ
ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းရပုံတွေ၊
အောက်တန်းကျတဲ့ မျက်စိမြင်တဲ့ လူတစ်ချို့ရဲ့
နှိမ့်ချဆက်ဆံပုံတွေ၊အလိမ်ခံရပုံတွေ၊
သူတို့ မျက်စိတွေ ဘာကြောင့် ကွယ်ခဲ့ရလည်း
ဆိုတဲ့အကြောင်းတွေကို
ရင်နင့်နေအောင်ဖတ်ရှူရမှာပါဗျ🥺
သူတို့အချင်းချင်း ယူထားကြပြီး
ရင်သွေးလေး ရပြန်တော့လည်း
သူတို့လို မျက်မမြင် ဖြစ်မှာစိုးရိမ်ရ၊
မျက်စိမြင် ပြန်တော့လည်း မွေးစားမိဘတွေဆီ
ရင်နာနာနဲ့ ပေးခဲ့ရတဲ့ မိဘမေတ္တာတွေကို
ဂရုဏာသက်စွာ ဖတ်ရအုံးမှာပါ😣
နောက်ဆုံးခန်းရဲ့
"မိုးပေါက်လေးတွေ တစ်ပေါက်တစ်ပေါက်နဲ့
ကျလာနေကြပြီ"ဆိုတဲ့နေရာမှာဆို
မျက်ရည်ပါဝဲမိပါတယ်ဗျ🥺
ဆရာမရဲ့စာအုပ်တွေဟာ အရမ်းreality
ဖြစ်တာမလို့ ဖတ်ပြီးတာနဲ့
မျက်စိမမြင်သူတွေရဲ့ ဘဝကို
စာနာ နားလည်လာပြီး
ခံစားချက်တစ်ခုခုတော့ ရရှိမှာအသေချာပါဘဲဗျ
