8 w - Translate

မိတ္ထီလာမြိုနယ် ထွေ/အုပ် ဌာနခွဲစာရေးအား အကြမ်းဖက်အဖွဲက သတ်ဖြတ်
***********************
(မှုခင်း) ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာနေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဦးမြင့်အေး၊ ၆၁ နှစ်သည် နေအိမ်မှ ရုံးတက်ရောက်ရန် မိတ္ထီလာမြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဥ် မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာအနီး မိတ္ထီလာ-မြင်းခြံကားလမ်း မိုင်တိုင်အမှတ် (၉/၄)နှင့်(၉/၅)အကြားအ​ရောက်တွင် အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင် သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးမြင့်အေးသည် သေနတ်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

image