မြန်မာငွေ သိန်း ၉၀၀ ဝန်းကျင်ပေးရတဲ့ Elite Visa နဲ့ ထိုင်းမှာအခွင့်ထူးတွေရရှိနေတဲ့ စိန်ဖြိုးလှိုင်နဲ့ရီရီပွင့်ဖြူ ❤️
လူချမ်းသာ နိုင်ငံခြားသားလူတန်းစားတွေအတွက် ထိုင်းနိုင်ငံက ခွင့်ပြုပေးထားတဲ့ ဗီဇာတစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါ ဗီဇာကို လက်ဝယ်ကိုင်ဆောင်နိုင်သူတွေဟာ ငွေကြေးချမ်းသာကြွယ်ဝသူများသာဖြစ်ပြီး ထိုင်းနိုင်ငံ လေဆိပ်ကိုရောက်ရှိချိန်ကစလို့ အခြားသောခရီးသည်တွေနဲ့မတူတဲ့ အခွင့်ထူးတွေကို ရရှိခံစားနိုင်တာပါ။ လေဆိပ် Immigration ဖြတ်တာကအစ Luggage Cliam အထိ ကိုယ်တိုင်လုပ်စရာမလိုပဲ ဒီဗီဇာသက်တမ်းရှိစဉ်ကာလအတွင်း လေဆိပ်အကြိုအပို့ကအစ ကားအကောင်းစားနဲ့ ကြိုပို့ပေးတာပါ။ သူတို့နှစ်ဦးကတော့ ဘတ် ၆၅၀၀၀၀ ပေးရတဲ့ ၅ နှစ်ဗီဇာကတ်ကို ကိုင်ဆောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
#celenews
