ကိုယ့်ကို ကူညီခဲ့ဖူးတဲ့သူတွေကို
ကျေးဇူးမကန်းပါနဲ့
===================
ကိုယ့်အပေါ်ကျေးဇူးရှိခဲ့ဖူးတယ်ဆိုရင်
အဲဒီကျေးဇူးကို သံသရာအထိ
ယူဆောင်မသွားဘဲ ဒီဘဝတင်
ဆပ်နိုင်အောင် ကြိုးစားဖို့လိုအပ်တယ်။
=====================
ကျေးဇူးပြန်မဆပ်နိုင်ရင်တောင်မှ
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို
ပြောသင့်ပါတယ်။ ဘာလို့လည်းဆိုတော့
ကိုယ်ဒုက္ခရောက်နေတဲ့အချိန်
ကိုယ်အခက်အခဲဖြစ်နေတဲ့အချိန်
ကိုယ်လဲပြိုကျတဲ့အချိန်
တစ်ဖက်လူက စေတနာသန့်သန့်နဲ့
ကူညီပေးတဲ့ ဆွဲထူပေးခဲ့တဲ့
လက်တစ်စုံ ဖြစ်နေလို့ပါ
အဲ့ကြောင့်ကျေးဇူးတင်ပါတယ်လို့
ပြောဖို့ဝန်မလေးပါနဲ
#crd
