⚜️ မြင့်မြတ်သော နေထိုင်ခြင်း ⚜️
💫💫💫💫💫💫💫💫💫
🕳️ လူ့ အသိုင်း အဝိုင်း ထဲမှာ
နေတဲ့အခါအားလုံးအပေါ်
အကျိုးလိုလားတဲ့ စိတ်ကို
မွေးရမယ် "မေတ္တာ" ပေါ့။
🕳️ အားလုံး ကောင်းစားစေ
ချင်တယ် ဘယ်သူ့ အပေါ်မှ
မမုန်းဘူး၊အားလုံးရဲ့အကျိုး
စီးပွားကိုလိုလားတဲ့ မေတ္တာ
ရှိရမယ်၊အဲ့ဒါ"မေတ္တာ"နဲ့ နေ
ထိုင်ခြင်း။
🕳️ အဲ့ဒီလို "မေ တ္တာ" ထားတဲ့
အထဲမှာတချို့ကကိုယ့်ထက်
နိမ့်ကျသွားတယ်(သို့မဟုတ်)
ဆင်းရဲဒုက္ခရောက်သွားတယ်
ပေါ့အဲ့ဒီပုဂ္ဂိုလ်ကိုကြင်နာ သ
နားရမယ်၊ဖေးမရမယ်။
🕳️ အပြစ်တစ်စုံတစ်ရာ
ဖြစ်နေရင် ကိုယ် တတ်နိုင်သ
လောက် ဖေးမရမယ်။ ကူညီ
ရမယ် အဲ့ဒါ "ကရုဏာ"နဲ့ နေ
ထိုင်ခြင်း။
🕳️ တိုးတက်ကြီးပွားသွားတဲ့
သူကိုတော့အပြစ်မပြောဘူး၊
ဝမ်းသာတယ်အဲ့ဒါ "မုဒိတာ"။
🕳️ "ဥပေက္ခာ" ဆိုတာအလွန်
မွန်မြတ်တယ်"ဥပေက္ခာ" ဆို
တာ လူတွေအပေါ် မှာ လျစ်
လျူရှုတာမဟုတ်ဘူး၊သူတို့
လုပ်တဲ့စော်ကားမှုချီးမွမ်းမှု
တွေကို လျစ်လျူ ရှုနိုင်တာ။
သူက သိပ်အဆင့် မြင့်တယ်
နော်။
🕳️ ဥပမာ - လူတစ်ယောက်
ကိုယ့်ကိုဆဲလည်းသူ့ကိုကူညီ
စရာရှိရင် ကူညီ လိုက်တယ်။
ကိုယ့်ချီးမွမ်းနေလို့လည်း ပို မ
ကူဘူး၊လုပ်သင့်လို့ လုပ်တယ်။
🕳️ ကိုယ့်အပေါ်မှာ စော်ကားမှု၊
ဦးစားပေးမှုဆိုတာတွေကို မ
ကြည့်ဘူး လုပ် သင့်ရင် လုပ်
ပေးလိုက်တယ်။
🕳️ ညီတူ ညီမျှ လုပ်ပေးနိုင်တဲ့
စိတ်ဓာတ်၊ တည်ငြိမ် တဲ့ စိတ်
ဓာတ်ကို ပြောတာအဲ့ဒါ "ဥပေ
က္ခာ"ဆိုတာအလွန်မွန်မြတ်တဲ့
တရားနော် ...
🕳️ မြတ်စွာဘုရားက
သားတော် ရာဟုလာ မို့ ပိုချစ်
တာ မရှိဘူး။ ဒေဝဒတ် ကြီးက
ဆိုးသွမ်းပြီး အ မျိုးမျိုး သေ
ကြောင်းကြံလို့ ပိုမုန်း တာ မရှိ
ဘူး သူတို့နှစ်ယောက်ကို အတူ
တူ ထားနိုင်တယ် အဲ့ဒီလိုအတူ
တူထားနိုင်တယ်ဆိုတဲ့"ဥပေက္ခာ"
🕳️ တချို့က "ဥပေက္ခာ"
ပြုလိုက်တယ် ပြောရင် မခေါ် မ
ပြောနေတာကို"ဥပေက္ခာ"လို့ထင်
တယ်၊ မဟုတ်ဘူး၊အဲ့တာ"ဦးပစ်
ခါ" နော်...
🕳️ ဒီ "ဥပေက္ခာ"က
မခေါ်မပြောနေတာမျိုး မဟုတ်
ဘူး၊ ကိုယ့်စိတ် ထဲမှာ အချစ်အ
မုန်းကင်းပြီး လုပ်သင့်လုပ်ထိုက်
တာ ကို ဆိုတယ်ပေါ့။
🕳️ ဘယ်လောက်ကောင်းတဲ့
ကိုယ်ကျင့်တရားတွေလဲ၊ကိုယ့်
စိတ်မှာချမ်းသာစရာတွေချည်း
ဘဲနော်၊ အလွန် မွန်မြတ်တာ ...
🕳️ ဒါကြောင့်မို့
"ဗြဟ္မဝိဟာရ"လို့ ခေါ်တာ။
"မြင့်မြတ်သော နေထိုင်ခြင်း"လို့
ပြောတယ်။
🕳️ ဒီတရားတွေနဲ့ နေထိုင်ရင်
မြင့်မြတ်တယ်လို့ ပြောတယ်။
<><><><><><> `¡´ <><><><><><>
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
