#မုန့်ဆပ်သဖူးလုပ်နည်း



အုန်းယိုပြုလုပ်ရန်

အုန်းသီးတစ်ဝက်ကိုခြစ်ပါ

နှမ်း အနည်းငယ်

ထန်းလျက်

ပထမဆုံးဒယ်အိုးပူအောင်လုပ်ပါ

ပူလာပြီးဆိုရင်ခြစ်ထားတဲ့အုန်းသီးကိုထည့်ပါ

ထန်းလျက်ရည်ထည့်ပြီးထန်းလျက်နဲ့အုန်သီးဖက်ရောသွားတဲ့အထိစိတ်ရှည်ရှည်နဲ့ထိုးပေးရပါမယ်

ထိုးပြီးရင်အပေါ်ကနေနှမ်းလေးတွေဖြူးပေးပါ

__________________________________

မုန့်ဆပ်သဖူး၅ခုအတွက်
မုန့်အနှစ်

ကောက်ညှင်းအမှုန့် ၅ကျပ်သား
ကိုဆားလက်ဖက်ရည်ဇွန်း၁ဇွန်းထည့်ပါ

ဲပြီးရင်ရေနွေးနွေးလေး၆၀ml
ထည့်ပါ

ရေကိုအများကြီးမထည့်ရပါဘူး
နည်းနည်းလေးလည်းထည့်လို့မရပါဘူး

လက်နဲ့ကောက်ညှင်းကိုအခဲတွေဖြစ်တဲ့အထိနယ်ပေးရပါမယ်

ပြီးရင်လက်နဲ့အခဲတွေကနေအမှုန့်ဖြစ်သွားအောင်ထပ်ချေပေးရပါမယ်

အမှုန့်လေးတွေဖြစ်သွားပြီးဆိုရင်ဇကာတိုက်ပေးရပါမယ်

ဇကာတိုက်ပြီးကောက်ညှင်းအမှုန့်တွေကို
မကပ်တဲ့အိုးပေါ်မှာဖြူးပေးပါ

မီးအပူကိုတအားကြီးမပြင်းပါနဲ့

ကောက်ညှင်းအမှုန့်ကိုဖြူးတဲ့အခါ
အရမ်းကြီးပါးသွားရင်ပေါက်တတ်ပါတယ်
ဒါကြောင့်မထူမပါလေးဖြူးပေးပါ

ပြီးရင်အလယ်မှာချက်ထားတဲ့အုန်းယိုထည့်ပါ

ဘယ်ဘက်ခေါက် ညာဘက်ခေါက်ပြန်ခေါက်ပြီးရင်မုန့်ဆပ်သဖူးရပါပြီး

image