ကမ္ဘာ့ ပထမဆုံး Solid-state Battery ပါတဲ့ EV ကားကို ပြသလိုက်တဲ့ Mercedes
==============================================
လျှပ်စစ်ကားတွေဟာ ခရီးအကွာအဝေး များများ မမောင်းနိုင်တဲ့ အားနည်းချက်ရှိပါတယ်။ အဲဒီအတွက် ကားကုမ္ပဏီတွေက ခရီးအကွာအဝေး များများ မောင်းနိုင်တဲ့ Battery နည်းပညာတွေကို တီထွင်နေကြပါတယ်။
အခုတော့ Mercedes က ကမ္ဘာ့ ပထမဆုံး Solid-state Battery ပါတဲ့ EV ကားကို ပြသလိုက်ပြီး EQS နမူနာ ကားလို့ အမည်ပေးထားပါတယ်။ အဲဒီကားမှာ အမေရိကန် ကုမ္ပဏီ Factorial Energy နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ အဆင့်မြင့် Battery နည်းပညာ ထည့်သွင်းထားပါတယ်။
အားအပြည့်သွင်းထားရင် ၆၂၁ မိုင် (၁,၀၀၀ ကီလိုမီတာ ) မောင်းနှင်နိုင်တာက တော်တော် မိုက်ပါတယ်။ လက်ရှိ EQS 450+ ထက် ခရီးအကွာအဝေး ၂၅ ရာခိုင်နှုန်း ပိုမောင်းနှင်နိုင်ပါတယ်။ အနာဂတ်မှာ ခရီးအကွာအဝေး ၄၀ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ Mercedes က ပြောပါတယ်။ Solid-state Battery ရဲ့ အားသာချက်က အရွယ်အစားနဲ့ အလေးချိန် တိုးမလာတာ ဖြစ်ပါတယ်။
Mercedes က လက်ရှိမှာ အဲဒီကားကို စမ်းသပ်နေပြီး ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။
