Dimensity 8400 Max နဲ့ 7000 mAh ဘက်ထရီသုံး realme SE ဖုန်း
အဆင့်မြင့်ဆုံး ရေစိုခံမှု ၊ ဧရာမဘက်ထရီပါဝါနဲ့ brightness nit မြင့်လှတဲ့ realme ရဲ့ တန်ဖိုးသင့်ဖုန်း ထွက်လာပါတယ်။
realme Neo စီးရီးထဲက အသစ်ထွက်လာတဲ့ Neo 7 SE ရဲ့ specs တွေက တော်တော် မြောက်ပါတယ်။ 7700mm ပတ်လည် VC အအေးပေးစနစ်ပါ 3.25GHz Dimensity 8400 Max SOC ကို ပထမဆုံး သုံးလာတဲ့ဖုန်းဖြစ်သလို IP66,IP68 နဲ့ IP69 rating ရေစိုခံစနစ်တွေလည်း ပါပါတယ်။
bezel ဆိုဒ်ကလည်း 1.49mm ပဲ ရှိမှာ ဖြစ်လို့ iPhone 16 Pro နီးနီး ပါးပါတယ်။ display ကလည်း တောက်ပမှု brightness မှာ 6000 nits အထိ ထွက်လို့ အတောက်ပဆုံးစမတ်ဖုန်းလို့တောင် ပြောနိုင်ပါလိမ့်မယ်။ screen အရွယ်အစား ၆.၇၈ လက်မ 8T LTPO OLED panel က 1.5K (2780 x 1264) ၊ 1-120Hz refresh rate ၊ 2600Hz PWM dimming နဲ့ Crystal Armor Glass အုပ်ထားပါတယ်။
ကျောဘက်က စတုဂံကင်မရာအိမ်ထဲမှာ OIS ပါ 50MP Main Camera နဲ့ 8MP Ultrawide lens တွဲသုံးထားပြီး ရှေ့ punch-hole ထဲမှာ 16MP selfie ကင်မရာ ထည့်လာပါတယ်။ ဖုန်းလုံခြုံရေးအတွက် မှန်ပြင်အောက်လက်ဗွေနည်းပညာ ၊ စတီရီယို စပီကာ နဲ့ Hi-Res audio စနစ်တွေ ပါပါမယ်။
ဘက်ထရီကို CATL ထုတ် အကြီးစား 7000mAh တိုက်တန်ဘက်ထရီသုံးထားပြီး 80W smart flash charging ပေးထားပါတယ်။ realme ပြောပုံအရဆို ဒီဘက်ထရီက ဘက်ထရီ cycle ၁၈၀၀ ပြည့်တဲ့နောက်မှာ battery health ၈၀% ကျော် ရှိမယ်လို့ ဆိုပါတယ်။ ၅ နှစ်လောက် အေးဆေးအသုံးခံမယ့်ပုံပါ။
realme Neo 7SE ကို Blue Mecha Edition ၊ White Winged God of War နဲ့ Dark Armored Cavalry အရောင်တွေနဲ့ လာပါတယ်။ တရုတ်ဈေးကွက်မှာ 8GB+256GB မော်ဒယ်ကို ၁၇၉၉ ယွမ် (၂၄၈ဒေါ်လာ) နဲ့ အမြင့်ဆုံး 16GB+256GB ကို ၂၄၉၉ ယွမ် (၃၄၄ ဒေါ်လာ) နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်
