8 w - Translate

ဒီဇိုင်းလန်း အကြမ်းခံပြီး ဂိမ်းဆော့လို့ကောင်းမယ့် realme Neo 7x
ဒီတစ်ခေါက်ထွက်တဲ့ realme ဖုန်းတွေက budget တန်းထဲမှာ တော်တော်ကြမ်းတဲ့အထဲ ပါပါတယ်။
ဒေါ်လာ ၁၈၀ တန် realme Neo 7x ဆို IP68 rating ၊ ဆွဲဆောင်မှုမြင့်တဲ့ ဒီဇိုင်းနဲ့ အဆင့်မြင့် cooling system တွေ သုံးထားတာက မိုက်ပါတယ်။ ဒီဖုန်းက gaming ဖုန်း မဟုတ်ပေမယ့် ဖုန်းနဲ့ဂိမ်းကစားတဲ့သူတွေ အကြိုက်လို့ ပြောနိုင်ပါတယ်။ display quality မြင့်သလို ဂရပ်ဖစ်ကိုလည်း Adreno 810 GPU သုံးထားလို့ ဂိမ်းကစားလို့ smooth အတော် ဖြစ်မှာပါ။
နောက်ပြီး 6050mm VC cooling စနစ်က ဖုန်းကြာကြာသုံးလို့ ပူတက်မလာအောင် ထိန်းပေးနိုင်သလို ဖုန်းသက်တမ်းကိုလည်း ပိုကြာကြာ အသုံးခံစေမှာပါ။ ဘတ်ဂျက်ဖုန်းဖြစ်လို့ Dimensity 6 Gen 4 ကို သုံးထားပေမယ့် ဒီ processor ကလည်း TSMC ရဲ့ 4nm process ပေါ် တည်ဆောက်ထားပြီး Snapdragon 8 Gen 3 နဲ့ microkernel architecture ချင်းအတူတူလို့ ပြောပါတယ်။
Dimensity 6 Gen 4 က အရင် SoC ထက် performance ၁၅% ပိုသွက်မှာပါ။ realme Neo 7x မှာတော့ ဒီ SoC နဲ့အတူ RAM 12GB/512GB Storage အထိ ထွက်ထားပါတယ်။ ဂိမ်းကစားသူတွေအတွက် AI motion control ဆိုတဲ့ AI သုံးပြီး ဂိမ်းထဲက လှုပ်ရှားမှုအထိန်းစနစ်တွေကို ပိုကောင်းစေမယ့် feature လည်း ပါပါတယ်။
realme Neo 7x ကို ၆.၆၇ လက်မ AMOLED display နဲ့ ထုတ်ထားပြီး 120Hz refresh rate , Pro-XDR နည်းပညာနဲ့ 1500Hz instant touch sampling rate တို့ သုံးထားပါတယ်။ screen တောက်ပမှု 2000 nits အထိ ထွက်လို့ နေရောင်အောက်မှာတောင် ဖုန်း screen ကို ကောင်းကောင်း အသုံးပြုနိုင်မှာပါ။
ဓါတ်ပုံရိုက်ဖို့အတွက် ရှေ့ဘက်မှာ AI နည်းပညာစနစ်တွေပါတဲ့ 16MP selfie ကင်မရာ ပါပါမယ်။ ကျောဘက်မှာတော့ EIS ရုပ်ငြိမ်စနစ်ပါတဲ့ 50MP 1/2.88" OmniVision (OV59D4 sensor နဲ့ 2MP depth sensor ထည့်ထားပါတယ်။ ဖုန်းလုံခြုံရေးအတွက် in-display fingerprint စနစ်ပါပြီး အကြီးစား 6000mAh ဘက်ထရီကို 45W fast charging ထောက်ပံ့ထားပါတယ်။
flagship ဖုန်းတွေမှာ တွေ့ရတဲ့အတိုင်း IP66,IP68 နဲ့ IP69 rating ရေစိုခံမှုတွေ ပါပြီး software ကိုတော့ Android 15 နဲ့လာတဲ့ Realme UI 6.0 သုံးထားပါတယ်။ တရုတ်ဈေးကွက်မှာ 8/256GB မော်ဒယ်ကို ၁၂၉၉ ယွမ် (၁၇၉ ဒေါ်လာခန့်) နဲ့ 12/512GB ဗားရှင်းကို ၁၅၉၉ ယွမ် (ဒေါ်လာ ၂၂၀) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

image