မကြာခင်မှာ ရောင်းချ/မိတ်ဆက် တော့မယ့် mid-range ဖုန်းလေးလုံး ရှိပါတယ်။ mid-range ဆိုပေမယ့် မြန်မာမှာတော့ စျေးတွေက သိန်း၂၀ ကနေ သိန်း၃၀ ကြား ရှိလာနိုင်ပါတယ်။
1. Google Pixel 9a
ဒီဖုန်းကတော့ pixel 9 စီးရီးရဲ့ စျေးအသက်သာဆုံးဖုန်းဖြစ်လာမှာပါ။ Tensor G4 နဲ့အတူ ၇နှစ်တိတိ update ရမယ့် mid-range ထဲက ရှားပါးဖုန်းပါ။ စျေးကတော့ ဒေါ်လာ ၅၀၀-၆၀၀ ဝန်းကျင် ရှိလာနိုင်ပါတယ်။ မတ်လလယ်လောက်မှာ မိတ်ဆက်လာနိုင်ပါတယ်။
2. Samsung Galaxy A56
Samsung ကနေ official သွင်းလာနိုင်တဲ့ ဒီဖုန်းက Galaxy A စီးရီးထဲမှာ အကြမ်းဆုဲံး ဖြစ်လာမှာပါ။ နောက်ကင်မရာ သုံးလုံးပါလာမယ့် A56 မှာ Exynos 1580 ကို သုံးလာမှာဖြစ်ပြီး ဒေါ်လာ ၆၀၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ လာမယ့် မတ်လဆန်းမှာ မိတ်ဆက်နိုင်ပါတယ်။
3. iPhone 16e
မနေ့တနေ့ကမှ ပူပူနွေးနွေး မိတ်ဆက်သွားတဲ့ အိုင်ဖုန်းအသစ်ပါ။ A18 chip နဲ့လာပြီး 48MP ကင်မရာကိုမှ OLED display နဲ့ပါ။ လာမယ့်၂၈ ရက်နေ့မှာ စတင်ဝယ်ယူန်ိုင်မှာဖြစ်ပြီး စျေးကတော့ ဒေါ်လာ ၆၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
4. Nothing Phone 3a Pro
Nothing ရဲ့ mid-range ဖုန်းအသစ်ဖြစ်လာမယ့် 3a Pro မှာတော့ နောက်ကင်မရာ ဒီဇိုင်းအဆန်းကို သိသိသာသာ တွေ့ရမှာပါ။ နောက်မီးလင်းတဲ့ ဒီဖုန်းမှာ Snapdragon 7s Gen 3 ကို သုံးပေးလာမှာဖြစ်ပြီး 50MP selfie camera နဲ့လာမှာ ဖြစ်ပါတယ်။ မတ်လ ၄ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပြီး ဒေါ်လာ ၄၀၀-၅၀၀ ကြား ရှိလာနိုင်ပါတယ်။
ဖုန်းတလုံးချင်းစီမှာ သူ့ကောင်းကွက်နဲ့သူ ရှိနေတာဖြစ်တဲ့အတွက် ကိုယ်နဲ့ အဆင်ပြေမယ့် ဖုန်းကို ရွေးချယ်ဖို့ အကြံပြုပါတယ်။
