မပြည့်စုံပေမယ့် မငြီးပဲ နေတတ်တာဟာ
ရောင့်ရဲမှု ရှိလို့ပါပဲ ။
မချမ်းသာပေမယ့် ပေးကမ်းတတ်တာဟာ
ယုံကြည်မှုရှိလို့ပါပဲ ။
မသိကျွမ်းပေမယ့် ကူညီတတ်တာဟာ
စိတ်ထားကောင်း ရှိလို့ပါပဲ ။
အပြစ်တွေ့ပေမယ့် ခွင့်လွတ်နားလည်တတ်တာဟာ
သည်းခံမှု အားကောင်းလို့ပါပဲ ။
အလိုမကျတာမြင်ပေမယ့် ဒေါသ မထွက်တာဟာ
ပညာရှိလို့ပါပဲ ။
အဆင်မပြေပေမယ့် ကုသိုလ် ဖြစ်အောင်
နေတာဟာ သတိရှိလို့ပါပဲ ။
🍂🤍
#crd
