ကဗျာဆရာ၊ စာရေးဆရာ မောင်ဒေါင်း ကွယ်လွန်

ဖေဖော်ဝါရီ ၂၆

ကဗျာဆရာ စာရေးဆရာ တစ်ဦးဖြစ်သူ မောင်ဒေါင်း ခေါ် ဦးခင်ဝင်းဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၂၆ရက်နေ့ မနက် ၅နာရီခန့်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မြောင်းမြမြို့ စာပေအသိုင်းအဝန်းဆီက သိရပါတယ်။

ဆရာမောင်ဒေါင်းဟာ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပြင်ရွာကျေးရွာမှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူကွယ်လွန်ချိန်မှာ အသက် (၇၆)နှစ်ရှိပြီပဲဖြစ်ပါတယ်။

ဆရာ့ဈာပနအခမ်းနားကို ဖေဖေါ်ဝါရီ ၂၈ရက်နေ့ နေ့လယ် ၁၂နာရီမှာ ပြင်ရွာ သုသာန်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာရေးသားခဲ့တဲ့ စာအုပ်တွေအနက် တစ်တောလုံးကြွေ၊ မြရာပင်၌ ကြယ်များကြွေကျနေ၏ ၊ လွမ်းတတ်သူများ၊ ခေါ်သံများ၊ တယောပေါ်က အပေါက်များ၊ အချစ်မြစ်နှင့် လှေကလေးတွေ စတဲ့ စာအုပ်တွေဟာ စာဖတ်ပရိသတ်တွေကြား ထင်ရှားခဲ့ပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

#သတင်းဟင်းလေးအိုးကြီး

image