တွင်းထွက်ဆိုင်ရာ သဘောတူညီချက် အမေရိကန်နဲ့ ယူကရိန်းရရှိ
ကိဗ်ယက်၊ ဖေဖော်ဝါရီ ၂၆
ယူကရိန်းနဲ့ အမေရိကန်တို့အကြား အဓိကတွင်းထွက်ဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူတယောက်က အတည်ပြုပြောဆိုလိုက်ပါတယ်။
ကောင်းမွန်တဲ့ ပြင်ဆင်ချက်အများအပြားကို သဘောတူခဲ့ပြီး ဒါဟာ အပြုသဘောဆောင်တဲ့ ရလဒ်လို့ဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူက ဆိုပါတယ်။ အမေရိကန်ဟာ ယူကရိန်းသဘာ၀ရင်းမြစ်တွေကို အသုံးချခြင်းကနေ ဒေါ်လာ ၅၀၀ ဘီလီယံထိ ကနဦးတောင်းဆိုမှုကို လျှော့ချခဲ့ပေမယ့် ယူကရိန်းရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ လုံခြုံရေးအာမခံချက်ကိုတော့ မပေးသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ အပြန်အလှန်ကွဲလွဲမှုတွေရှိခဲ့ပါတယ်။ ဇီလန်စကီးကို ထရန့်က အာဏာရှင်လို့ သမုတ်ခဲ့ပြီး ယူကရိန်းသမ္မတကတော့ ထရန့်ဟာ ရုရှားရဲ့ မဟုတ်မမှန်သတင်းစာကားတွေထဲမှာ ပိတ်မိနေပြီးစစ်ပွဲစတာ ယူကရိန်းကို အပြစ်ဖို့နေတယ်လို့ ဝေဖန်ပါတယ်။
အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၃၀၀ ဘီလီယံနဲ့ ၃၅၀ ဘီလီယံထိ ထောက်ပံ့ပေးခဲ့တယ်လို့ ထရန့်ကဆိုပါတယ်။ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ဒီငွေတွေကို ပြန်လိုချင်တယ်လို့ ပြောပါတယ်။ဒီအတွက် ယူကရိန်းတွင်းထွက်တွေကို အသုံးချပိုင်ခွင့်အတွက် တွန်းအားပေးနေတာပါ။
လက်ရှိမှာတော့ သဘောတူညီချက်နဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတဟာ ယခုသီတင်းပတ်အတွင်းမှာ ဝါရှင်တန်ကို သွားဖို့ရှိနေပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲဟာ အမေရိကန်ရဲ့ ငွေကြေးနဲ့ စစ်လက်နက်ပစ္စည်းတွေမပါဘဲ အချိန်တိုအတွင်းအဆုံးသတ်လိမ့်မယ်လို့ ပြောပါတယ်။
Ref:BBC
Photo:Bloomberg
#သတင်းဟင်းလေးအိုးကြီး
